Extra - 3

3.8K 177 42
                                    

( Unicode )

ထောင် တစ်ခု၏ သီးသန့်ခန်း တစ်ခုတွင် လူ နှစ်ဦး ရှိနေလေသည်။ထို သီးသန့်ခန်းသည် ထောင်ခန်းတစ်ခုဖြစ်သော်လည်း အခြားထောင်ခန်းများနှင့် မတူဘဲ အတော်ကျယ်ဝန်းကာ ခုတင်တစ်လုံး အစားအသောက်ထည့်ရန် ရေခဲသေတ္တာငယ်ပါ ရှိနေလေသည်။ထို့ကြောင့်ပင် ထိုအခန်းအား အခြားထောင်ခန်းများနှင့် မတူညီဟုဆိုခြင်းဖြစ်လေသည်။

ထိုထောင်ခန်းထဲမှ သပ်ရပ်သေသပ်စွာ ဝတ်ဆင်ထားသော လူငယ်သည် သူ၏ရှေ့မှ ထောင်ဝတ်စုံနှင့်လူကြီးအား ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ဒယ်ဒီ အတော် အိုစာသွားတာဘဲ"

သူ၏ စကားကြောင့် လူကြီးမှာ အမျက်ချောင်းချောင်းထွက်လာကာ သူ့ရှေ့မှ လူငယ်အားအော်ဟစ်လာ၏။

"မင်းပါးစပ် ပိတ်လိုက် ပိုင်စိုး...ငါ့ကို ဘယ်တော့ ဒီထဲက နေ ထုတ်ပေးမှာလဲဘဲ ငါသိချင်တယ်"

သူ၏ စကားကြောင့် ပိုင်စိုးသည် လက်မှ ဝတ်ဆင်ထားသော လက်စွပ်အား လက်ချောင်းဖြင့် ပွတ်သပ်ရင်း ထပ်မံသက်ပြင်းချလာသည်။

"ဒယ်ဒီ သိပါတယ် ကျွန်တော် ဒယ်ဒီကိုထုတ်ပေးချင်ရင်တောင် ထုတ်လို့မရဘူးဆိုတာကို....
ဒယ်ဒီ သွားထိခဲ့တဲ့လူက သမ္မတ ကတောင် ကပ်ဖားနေရတဲ့သူလေ ကျွန်တော်က သူ့ကိုဘယ်လွန်ဆန်နိူင်ပါ့မလဲ"

သူ၏ စကားကြောင့် ဦးရာဇာ မှာ လှောင်ရယ်လာသည်။

"ဟက်...ပိုင်စိုး.... ပိုင်စိုး....ငါမသိဘူးများထင်နေတာလား ...မင်းက ငါ့ကိုမထုတ်နိူင်တာ မဟုတ်ဘဲ ငါ့ကိုဘယ်တော့မှထုတ်ဖို့စိတ်ကူးမရှိတာဘဲ "

ဦးရာဇာ၏ စကားကြောင့် ပိုင်စိုးသည် အနည်းငယ် အံ့သြဟန်ဖြစ်သွားကာ ထို့နောက်တွင် ပြုံးလာသည်။

"အင်း....ဒယ်ဒီ ဒီတစ်ခါတော့ မှန်သွားပြီ
ဟုတ်တယ် ကျွန်တော် ဒယ်ဒီ့ကို ဒီထဲကနေ ထုတ်ပေးဖို့ဆန္ဒမရှိဘူး ဘာလို့လဲ ဆိုတော့ ကျွန်တော် က အရူးမဟုတ်ဘူးလေ"

သူ၏ စကားသည် ဦးရာဇာ အား အနည်းငယ် အံ့သြသွားစေကာ ထို့နောက်တွင် ဦးရာဇာ သည် အားရပါးရအော်ရယ်လာသည်။ပြီးသည်နှင့် သူသည် ပိုင်စိုး၏ အင်္ကျီကော်လံအား ဆွဲကာ အံကြိတ်သံနှင့် ဆိုလာ၏။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now