Part - 36

3.9K 318 46
                                    

( Unicode )

ချားလစ်၏ ဖွင့်ပြောသည့် ဖြစ်ရပ်သည် videoတစ်ခုအဖြစ်မှတ်တမ်း တင်ခံလိုက်ရကာ ဟိုလူShare ဒီလူShare နှင့် တစ်နိူင်ငံလုံး အတိုင်းအတာဖြင့် ဝုန်းဒိုင်းကြဲသွားလေသည်။
ထိုသို့ တစ်နိူင်ငံလုံး အတိုင်းအတာနှင့် ဝုန်းဒိုင်းကြဲသွားသော video အား စာကြည့်ခန်း ထဲတွင် ထိုင်ကာ ကြည့်နေသော လူတစ်ယောက် လည်း ရှိနေသည်။

ထိုလူက သူ၏ လက်ထဲမှ Ipad နှင့် ထို Video အား ကြည့်နေကာ Videoဆုံးသည်နှင့် သူ့လက်ထဲမှ Ipad အား စားပွဲပေါ်သို့ ပစ်တင်လိုက်ကာ တစ်စုံတစ်ယောက်ထံ ဖုန်းဆက်လိုက်လေသည်။

"ဟဲလို Boss"

"ငါမင်းကို ခိုင်းစရာ ရှိတယ်"

"ဟုတ်ကဲ့ Boss "

"ငါမင်းဆီ Video တစ်ခု ပို့လိုက်မယ် အဲ့Videoထဲက လူ အကြောင်း မင်းစုံစမ်းပေး"

"ဟုတ် စုံစမ်း ရုံဘဲလား Boss "

"သူ့ကို ကောင်းကောင်းလေး ပညာပေးပြီး မင်းတို့ သခင်လေး နားကနေ ထွက်သွားခိုင်း..."

"ဟုတ်..Boss အမိန့်တိုင်း ဖြစ်စေရပါတယ်."

"အင်း...."

ထိုလူက ဖုန်းချမည် ကြံသေး သူ့သား၏ ခေါင်းမာတတ်ပုံအား တွေးလိုက်မိသော် စုပ်တစ်ချက် သပ်လိုက်သည်။

"ကျစ်.....နေဦး "

"ဟုတ် Boss ဘာများ ခိုင်းချင်တာ ရှိသေးလဲ "

"တစ်ခါတည်း အပြတ်ရှင်းခဲ့ "

"ဗျာ.."

"အဲ့ ကောင်လေးကို နည်းလမ်းရှာပြီး တစ်ခါတည်း ရှင်းခဲ့လိုက် မင်းတို့ သခင်လေး ရှေ့ နောက်ထပ် ပေါ်မလာစေနဲ့"

"အမိန့်တိုင်း ဖြစ်စေရပါတယ် "

"အင်း...သက်သေတွေ မကျန်ခဲ့စေနဲ့ "

"ဟုတ်ကဲ့ပါ Boss"

ထိုလူက ဖုန်းချ ပြီးသည်နှင့် ထိုင်ခုံတွင် ခြေချိတ် ပြန်ထိုင်လိုက်သည်။
သူ၏ မျက်နှာအမူအရာ မှာ အေးစက်လွန်းနေကာ အကြည့်များမှာလည်း စူးရှလွန်းနေသည်။
ထို့နောက်တွင် သူ့နှုတ်မှ စကားလုံး အချို့အား ရေရွတ်လာသည်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now