Part - 14

4.2K 352 12
                                    

( Unicode )

Dream ၏ အဖွားအား သွားတွေ့ရန် ကိစ္စနှင့် မနက် 8နာရီတွင် စထွက်ခဲ့သော ခရီးသည် နှစ်နာရီကြာ မောင်းရကာ 10နာရီမှပင် ရောက်တော့သည်။ ပဲခူးဘက် ဖြစ်၍ မြို့ပြ နှင့်အနည်းငယ် ဝေးကွာကာ ကွင်းပြင်ကျယ်ကြီးထဲ အရိပ်ရသစ်ပင်များနှင့် အထီးကျန်စွာ တည်ရှိနေသော အုတ်ဂူအချို့ အား တွေးရသည်။
တရုတ် ဆန်ဆန် တည်ဆောက်ထားသော အုတ်ဂူကြီးများကြောင့် ချားလစ် Dreamနောက် လျှောက်လာရင်း မေးလိုက်မိသည်။

"မိသားစု သင်္ချိုင်း လား "

"ဟုတ်တယ် ဖွားတို့က တရုတ်တွေလေ သူတို့ မျိုးရိုးတွေကို ဒီမှာ လာမြုပ်နှံ ထားတာ "

"အော "
နှစ်ယောက်လုံး၏ လက်ထဲမှ လည်း နှင်းဆီ နီ များ ရှိနေသည်။
သေချာ ရှင်းလင်း ထားဟန် ရှိကာ ဝန်းထဲတွင်လည်း ပန်းပင်ပေါင်းစုံ စိုက်ပျိုးထားသည်။ ကြည့်ရသည်မှာ ထိုသင်္ချိုင်းအား သေချာ ထိန်းသိမ်းရန် လူသီးသန့် ငှားထားဟန် ရှိသည်။
အုတ်ဂူ ရှေ့တွင် နှစ်ယောက်လုံး လက်ထဲမှ နှင်းဆီ နီ များအား ချလိုက်ကာ Dream ကတော့ အုတ်ဂူရှေ့ ငြိမ်သက်စွာ ရပ်နေသည်။ချားလစ် သည်လည်း ဘာလုပ်ရမည် မှန်း မသိ၍ Dream နောက်တွင်သာ ရပ်စောင့်နေလိုက်သည်။

"ဒီအတောအတွင်း ဖွားဆီ လာမလည် ဖြစ်လို့ တောင်းပန်ပါတယ် ဖွားရော အဲဒီမှာ အဆင်ပြေတယ် မလား သားကတော့ ပြေတယ် ရယ်လည်း မဟုတ်ပါဘူး ကောင်းကောင်း အသက်ရှင် နေဖို့ ဖွားမှာ ထားတော့ အရာရာ နဲ့ လိုက်လျော ညီထွေ ဖြစ်အောင်တော့ နေနေပါတယ် "

ထိုနောက် Dreamက အုတ်ဂူရှေ့ မြက်ခင်းပြင်တွင် ထိုင်ချလိုက်ကာ ချားလစ်အား သူ့နား လာထိုင်ရန် လှမ်းခေါ်လိုက်သည်။
ချားလစ် သူ့နား ထိုင်သော် Dream သည် ရှေ့မှ အုတ်ဂူငယ်အား ငေးကြည့်ရင်း ခပ်တိုးတိုးဆိုလာသည်။

"ဖွားက နှင်းဆီနီတွေ သိပ်ကြိုက်တာလေ
သူ အသက်ရှိ စဥ် တုန်းကဆို သူ့ခေါင်းပေါ်မှာ နေ့တိုင်း နှင်းဆီ နီလေးတွေ တွေ့ရတယ်
"

"မင်းလေး ကရော ဘာပန်း ကြိုက်လဲ "
"ကျွန်တော် ပန်းမကြိုက်ဘူး ကိုချား "

"ဘာလို့လဲ "

"ဒီတိုင်း မိန်းမ ဆန်တယ် ထင်လို့ ဒါပေမဲ့ အဆုံးစွန် တစ်ခု ရွေးပါ ဆိုရင်တော့ နေကြာပန်း ကိုဘဲ ရွေးမယ်"

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now