Part - 37

3.8K 296 34
                                    

( Unicode )

နေအလင်းရောင် ကျရောက်နေသော အခန်း တစ်ခုထဲဝယ် လူခြောက်ယောက်မှာ ထုံးစံအတိုင်း အစည်းဝေး ထိုင်နေကြသည်။
Wolfသည် စားပွဲ ထိပ်တွင် ထိုင်ကာ အကြောင်းအရာအား စတင်မိတ်ဆက်ပေးလာသည်။

Wolf -" ဒီတစ်ခေါက် missionက ဒုသမ္မတရဲ့ နိူင်ငံရေးဆွေးနွေးပွဲ ခရီးစဥ်တစ်ခုမှာ Bodyguard လုပ်ပေးဖို့ဘဲ အဲ့ဒီ အတွက် ဖိလစ်ပိုင် ကို သွားရမယ် "

Jack -" ကျွန်တော် ကြားထားသလောက် ဒီဆွေးနွေးပွဲကို ဒေသတွင်း နိူင်ငံတွေလည်း တက်ရောက်မယ်လို့ ကြေညာထားတယ် "

Jack စကားအား Wolf ခေါင်းငြိတ်ထောက်ခံ လိုက်ကာ

Wolf-" မှန်တယ် မြန်မာအပါဝင် ထိုင်း ၊စင်္ကာပူ၊အင်ဒိုနီးရှား နဲ့ ဂျပန်တို့က လာတက်ကြလိမ့်မယ် "

Lucas -" ဒါဆို အာဆီယံ အစည်းဝေး မဟုတ်ဘူးပေါ့ "

Wolf -" မဟုတ်ဘူး နိူင်ငံရေးဆွေးနွေးပွဲ ဖြစ်တာနဲ့ အညီ နိူင်ငံရေး အပေးအယူတစ်ချို့နဲ့ စီးပွားရေး လုပ်ငန်းအကြောင်း ဆွေးနွေးဖြစ်ကြဖို့ များတယ် "

Kham-" ဒါပေမဲ့ကွာ အဲ့ဒါတွေက ငါတို့နဲ့ မဆိုင် ဘူး မလား "

ထိုအခါ Wolfမှာ မျက်နှာသေနှင့် Khamဘက်လှမ်းကြည့်ကာ မျက်နှာသေနှင့်ပင် Khamစကားအား ခေါင်းငြိတ်ထောက်ခံလိုက်သည်။

Wolf - "မှန်တယ် သူတို့ ဘာဆွေးနွေးကြသည် ဖြစ်စေ ငါတို့နဲ့ မဆိုင်ဘူး ငါတို့ တာဝန်က ဒုသမ္မတ လှုံခြုံရေး ကို ကာကွယ်ပေးဖို့ ဘဲ"

Kate -"အဲ့ပွဲကို အိမ်ရှင်ဖိလစ်ပိုင် အပါဝင်ဆို နိူင်ငံ 6နိူင်ငံ တက်ရောက်မှာဆိုတော့ လှုံခြုံရေး ဘက်ပိုင်းမှာလည်း အတော် အားကောင်းပြီးသား ဖြစ်လောက်မယ် "

Wolf -" မှန်တယ် အိမ်ရှင်နိူင်ငံက ချထားပေးမဲ့ လှုံခြုံရေး အပြင် နိူင်ငံတိုင်းက ပါလာမဲ့ သက်တော်စောင့်တွေလည်း ရှိလိမ့်မယ် ဒါကြောင့် အရင် mission တွေလို pressure မများတာတော့ အမှန်ဘဲ...ဒါ.ပေ.မဲ့....."

Wolf မှာ သူထိုင်နေသည့် ဆုံလည် ကုလားထိုင်အား လှည့်လိုက်ကာ projector ဘက် မျက်နှာမူလိုက်သည်။
ထိုအခါ Adamမှာ သူ့laptop Keyboard ထက် လက်ချောင်းအချို့ လှုပ်ရှားလိုက်စဥ်တွင် Projector ထက်တွင် ပုံရိပ်အချို့ပေါ်လာသည်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now