Part - 38

3.6K 301 16
                                    

( Unicode )

"ဖြစ်နိူင်တာက မင်းအဖေရဲ့ လူ "
Pole စကားအား Dreamအသံကျယ်ကြီးနှင့်ပင် မယုံနိူင်ဟန် ပြောလာသည်။

"ငါ့အဖေလူ "
ထို့နောက် မယုံသလို ခေါင်းခါလိုက်ကာ

"မဖြစ်နိူင်တာ...."

သို့သော် အရင် နှစ်နှစ်က အဖြစ်ပျက်အား တွေးမိသော် Dreamအနည်းငယ် မျက်မှောင်ကြုတ်ပြီးနောက် သက်ပြင်းချကာ ဆိုလာ၏။

"ဟင်း....မဖြစ်နိူင်တာ တော့လည်း မဟုတ်ပါဘူး အိမ်က အဖိုးကြီး က အနည်းဆုံး လူတစ်ယောက်လောက်တော့ ငါ့နောက်ကို အမြဲ လိုက်ဖို့ လွှတ်ထားတတ်တာ ဆိုတော့ "

Dream စကားကြောင့် Pole သဘောတကျ တစ်ချက် လှောင်ရယ်လာသည်။

"ဟက်...မင်းတို့ သားအဖ တွေရဲ့ စိတ်က အရမ်း ထူးဆန်းတယ်"

"ဘယ်နေရာက ထူးဆန်းနေလို့လဲ"
Dream နားမလည်စွာ ပြန်မေးလိုက်သည်။

"မင်းအဖေ က မင်းကို သတ်ချင်ပေမဲ့ တစ်ဖက်မှာလည်း မင်းကို ကာကွယ်ပေးနေပြန်ရော
ဟော..မင်းကလည်း မင်းအဖေ ကို မုန်းနေပြီး သူ့ထိန်းချုပ်မှုက လွှတ်ချင်တယ်
ဒါပေမဲ့ သူ့လက်ထဲကနေ လွှတ်အောင် လုပ်လို့ရတဲ့အချိန်ရောက်တော့လည်း မင်းက အခုထိ မလုပ်သေးဘူး
တကယ်ဘဲ.... မင်းတို့ကို ငါနားမလည်နိူင်တော့ဘူး "

Poleမှာ ခေါင်းတစ်ခါခါ နှင့်ပင် ပြောလာသည်။

"ငါ မလှုပ်ရှား သေးတာက အတည်ပြုစရာလေးတွေ ကျန်နေသေးလို့ပါ "
ထိုသို့ ပြောပြီးနောက် Dreamမှာ Poleဘက် လှည့်ကာ မကျေမနပ် ပြန်ချေပလာသည်။

"ငါတို့ သားအဖ ကိုတော့ ပြောပြီး မင်းတို့ သားအဖ ကျတော့ရော ဘာထူးလဲ
ဒီပုတ်ထဲက ဒီပဲ အတူတူဘဲကို ငါ့ကို လာပြောနေသေးတယ် "

Dream စကားအား Pole မငြင်းနိူင်။Dream ပြောနေသည်မှာ အကုန်မှန်နေသောကြောင့် သူငြိမ်ကာ ကားမောင်းခြင်းတွင်သာ အာရုံစိုက်နေလိုက်တော့သည်။

လွန်ခဲ့သော 5နာရီ ခန့်က

လူတစ်ယောက် စာကြည့်ခန်း ထဲတွင် ထိုင်ကာ Mail စစ်နေသည်။
ထိုအချိန်တွင် စားပွဲထက်မှ တင်ထားသော သူ၏ဖုန်းမှာ အသံမြည်လာသောကြောင့် တည်ငြိမ်စွာပင် သူလှမ်းယူကာ ဝင်လာသောဖုန်းအား လက်ခံ ပြောဆိုလိုက်သည်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now