Part - 7

4.9K 376 8
                                    

( UNI )

ကျောင်းပြန်ဖွင့်သော တနင်္လာနေ့တွင်IR ပထမနှစ် စာသင်ခန်း ၌ ကျောင်းသူ ကျောင်းသား များသည်ဆရာမ စာသင်နေသည် ကို သေချာ လိုက်နားထောင်နေလေသည်။ တစ်ခါတစ်ရံ ဆရာမ နှင့်လည်း သင်နေသော အကြောင်း အရာ များကို အပြန်လှန် ဆွေးနွေး တတ်လေသည်။

ဆရာမ သည် ပထမကမ္ဘာစစ် ဖြစ်ရသော အကြောင်းအရင်းနှင့်စစ်အပေါ် ကျောင်းသား များ၏ အမြင် ကို မေးမြန်းဆွေးနွေးတတ်လေသည်။သူရိန် နှင့်Dreamသည် စာ သေချာ လိုက်မှတ်နေစဉ်သူရိန် ဖုန်းမှာ အသံကျယ်ကြီးနှင့် ထမြည် လာသည်။
ဖုန်းသံကြောင့် ဆရာမ သည် သူရိန်အား မနှစ်မျို့ဟန် လှမ်းကြည့်ကာ သတိပေးလာသည်။

"မင်းတို့ကို ဆရာမ ဘယ်လို ပြောထားလဲ
ဆရာမ စာသင် နေချိန် ဖုန်းသံ ပိတ်ထားပါလို့
အရေးကြီး ဖုန်းဆိုရင် ကိုင်ခွင့် ရှိပေမဲ့ မင်းတို့
ဖုန်း သုံးတာက စာသင်တာ ကို အနှောင့်ယှက် ဖြစ်စေတယ်"

ဆရာမ က အတန်းသား များကို ရည်ရွယ် ပြောပြီးမှ သူရိန်အား သေချာ ပြန်ကြည့်ကာ
"နောက်တစ်ခါ မဖြစ်စေနဲ့ သား "

"ဟုတ် ဆရာမ "
သူရိန် နံပါတ် ကို ကြည့်တော့ unknow number
ဖြစ်သောကြောင့် မကိုင်ဘဲ ချလိုက်သည်။

"ဘယ်သူလဲ "
Dream အမေးကို သူရိန် မသိသလို ပြန်ဖြေလာသည်။

"မသိဘူးကွ "

"နောက်တစ်ခါ ဖုန်းကို silent လုပ်ထား "
Dream သူရိန်ကို ကြည့်ကာ သတိပေးလိုက်သည်။

"အေးပါကွာ ငါ မေ့သွား လို့ပါ "

ထိုစဉ် Message၀င်လာသောကြောင့် သူရိန် ဖတ်ကြည့်လိုက်သည်။

"ဘောလုံး အသင်းကထင်တယ် training ဆင်းဖို့2ခွဲ လောက် ဌာနအဆောင်အောက် မှာ စောင့်နေတဲ့ တစ်ခြားကွင်း မှာ သွားtrain ရမှာမလို့ ကျောင်းဘောလုံးကွင်း မသွားနဲ့တဲ့ ကျန်တဲ့ ကောင်တွေ ကိုလည်း ပြောလိုက်ပါတဲ့ "

သူရိန်သည် Dreamအား ရှည်လျားစွာ ရှင်းပြလာသည်။

"ဟုတ်လား အတန်း ဆင်းရင် သူတို့ကို ငါသွားပြောလိုက်မယ်"
"အေး"

12 ခွဲသည်နှင့် Dream သည် သူတို့အတန်း ထဲမှ ဘောလုံး အသင်းတွင် ပါသော လူထံ သွားလိုက်သည်။သူ ထိုသူအား မှတ်မိနေသည်တော့ မဟုတ်။
သူရိန်အား 'ဘယ်သူလဲ 'ဟု မေးပြီးမှ သာ သူ ထိုလူအား မှတ်မိသွားသလို ရှိသွားခြင်းဖြစ်သည်။ အတန်းထဲ နေ့တိုင်း တွေ့နေရ၍ လည်း ဖြစ်နိူင်သည်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now