Part - 24

4.1K 329 11
                                    

( Unicode  )

သူ့ရှေ့တွင် ပန်းပင် များနှင့် လှပကာ ချစ်စဖွယ် ဖြစ်နေသော နှစ်ထပ် အိမ်လေးရှိနေသည်။
ထိုနေရာက သူနေထိုင်ရာ အိမ်
သူက ဘာကြောင့် ဤ နေရာသို့ ထပ်ရောက်လာပြန်ရတာလဲ သူဒီနေရာ ကို မုန်းသည်။ဤနေရာတွင် တစ်စက္ကန့်လေးပင် သူမနေချင်။

သို့သော် သူ့အား မနာခံသည့် သူ့ခြေထောက် များသည်တော့ ထိုအိမ်လေးထဲ ဝင်နေချေပြီ။
လျှာထိုးပျဥ် ခင်းထားသော ကြမ်းပြင်တွင် သူလျှောက်နေမိသည်။တစ်အိမ်လုံးမှာ တိတ်ဆိတ်နေကာ မည်သူမှ မရှိသည့်ဟန် ။
သူ့ အမေနှင့် အဖေရော ဘယ်နေရာမှာများလဲ
သူတို့ အိမ်မှာ ရှိမနေကြဘူးလား

ထမင်းချက် အဒေါ်များလည်း သူမတွေ့သလို ယုတ်စွ အဆုံး သူမွေးထားသည့် ခွေးလေးကိုပင် မတွေ့
အိမ်ထဲ ဝင်ရုံရှိသေး သူ အပြင်ပြန်ထွက်လာကာ အိမ်ဘေးမှ သူ့ခွေးလေး ရိုစီ၏ ခွေးအိမ် လေးသို့ ပြေးလာခဲ့မိသည်။
ရိုစီ့ အိမ်နား အရောက်တွင် သူ့အား သွေးပျက်စရာ မြင်ကွင်းက စောင့်ကြိုနေသည်။

ခွေးအိမ်အပြင်ဘက်တွင် ထုတ်ခံထားရသော ရိုစီလေးက သွေးများစွာ ထွက်နေကာ လဲလျောင်းနေသည်။
သူ ရိုစီရှိရာ ပြေးသွားလိုက်ရင်း ရိုစီ့အား ပွေ့ဖက်လိုက်မိသည်။
အဖြူရောင် အမွေးများက နီရဲနေကာ ရိုစီ ဟာ အသက်မရှုတော့။
သူအတင်း လှုပ်နှိုးနေသော်လည်း ရိုစီဟာ အေးစက်နေပြီ ဖြစ်သည်ါ။
ရိုစီမှာ သူ့အချစ်ဆုံး ခွေးလေး ဖြစ်သလို သူ့သူငယ်ချင်း ဖြစ်သောကြောင့် သူငိုနေမိသည်။

ဘယ်သူ ကများ ရိုစီ ကို ဒီလို လုပ်ရက်တာလဲ
ရိုစီမှာ ဘာအပြစ်လည်း မရှိဘဲနဲ့လေ

သူတို့ ထမင်းချက်အဒေါ်အား ရိုစီကို မည်သူ သတ်သွားလဲ မေးရန် အိမ်ထမင်းချက်ခန်းသို့ သူပြေးဝင်လာသည်။
သို့သော် သူမြင်လိုက်ရသည်က စားပွဲ နားတွင် လဲကျနေသော ထမင်းချက် အဒေါ်ကြီးပင်ဖြစ်သည်။

ဝမ်းဗိုက်တွင် ဓားစိုက်နေကာ ဖြေးညှင်းစွာ အသက်ရှုနေသည်။
သွေးပျက်စရာ မြင်ကွင်းဖြစ်သော်လည်း တုန်ရီနေသော လက်နှင့် ခြေထောက်အား ထိန်းကာ
သူ အဒေါ် ကြီး နားပြေးသွားရင်း အဒေါ်ကြီးအား ထူလိုက်သည်။
ထိုအခါ ထိုအဒေါ်ကြီးမှာ မျက်လုံးများ အနည်းငယ် ဖွင့်လာကာ သူ့အားမပီမသ ပြောလာသည်။
သို့သော် ထိုစကားလုံး များအား သူနားမလည်။
ဘာပြောမှန်း အသည်းအသန် စဥ်းစားမိသော်လည်း သူတကယ်ကိုပင် နားမလည်နိူင်။
သူနားလည် သည် အထိ မစောင့်နိူင်တော့သော အဒေါ်ကြီးမှာ မျက်လုံးများ မှိတ်သွားကာ သူ့လက်ထဲတွင်ပင် တမလွန်သို့ ကူးသွားတော့သည်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now