Some Facts of my fiction

2.2K 193 56
                                    

( Unicode )

ဒီနေ့ကတော့ Update မဟုတ်ဘဲ Ficနဲ့ပတ်သက်တာလေးတွေ ပြောချင်လို့ဒီစာလေးကို ရေးလိုက်တာပါ
စာရှည်ပါတယ် ဒါပေမဲ့ ဖတ်သင့်ပါတယ်

ဒီFicကို နူးညံ့တဲ့မိန့်တော် လို့ ပေးဖြစ်ခဲ့တာလေးနဲ့ ပတ်သက်ပြီး ရှင်းပြချင်ပါတယ်
ကိုယ် ဒီficကို စရေးတုန်းက ခေါင်းစဥ်မရှိခဲ့ပါဘူး
ဒါပေမဲ့ အဲ့ချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ဘဲ ကိုယ် လေးဖြူနဲ့ အငဲ ဆိုထားတဲ့ 'နူးညံ့တဲ့မိန့်တော်အတိုင်း' ဆိုတဲ့ သီချင်းလေးကို စကြားခဲ့ရပါတယ်
အဲ့ဒီမှာ ကိုယ့်အာရုံကို ဖမ်းစားခဲ့တာပါ ပထမဆုံး စာသားပါ

'မျက်ဝန်းများနဲ့ သူရယ်ကိုယ် ဆုံတွေ့တဲ့ ခဏ မျက်ဝန်းများ ထဲက အချစ်ကို တွေ့ရှိခဲ့ကြ '
ဆိုတာလေးပါ
အဲ့စာသားကို ကြားတော့ ကိုယ် ပထမဆုံး တွေးမိသွားတဲ့နေရာက Dreamနဲ့ ချားလစ်ပထမဆုံးစတွေ့တဲ့ အဓိပတိလမ်းက အခန်းပါ
အဲ့စာသားကြောင့် မျက်မှန်ပျောက်သွားတဲ့ ကောင်ငယ်လေးက ကိုယ့်အာရုံထဲ တန်းပေါ် လာတာပါ
အဲ့ဒါနဲ့ဘဲ ခေါင်းစဥ် မရှိသေးတဲ့ ficက နူးညံ့တဲ့မိန့်တော်ဆိုပြီး ဖြစ်လာတာပါ

ပြီးတော့ပထမဦးဆုံး အနေနဲ့ ဇာတ်ကောင်တွေရဲ့ နာမည်ပေါ့
ဇာတ်ကောင် နာမည်ကတော့ ကိုယ် ဒီficကို ဖန်တီးဖို့ စိတ်ထဲ ရှိနေတည်းက Dreamဆိုတဲ့ နာမည်က ကိုယ့် စိတ်အာရုံ ထဲမှာ တစ်ခါတည်း ကပ်ညှိ ထားပြီးသားပါ
အဲ့ဒီ အတွက် မြန်မာလို ခေါ်ရအဆင်ပြေအောင် မင်းအိပ်မက်သစ် ဆိုတဲ့ နာမည်လေး ကို စဥ်းစားပြီးပေးဖြစ်ခဲ့တာပါ

ပြီးတော့ ချားလစ်ဝိန်း ဆိုတဲ့ နာမည်လေးပေါ့
Dream ဆိုတဲ့ နာမတစ်ခုကို တွေးမိသွားချိန်မှာ
Dreamနဲ့ လိုက်ဖက်မဲ့ နာမည် တစ်ခုကို ကိုယ် စစဥ်းစားခဲ့ပါတယ်
အဓိပ္ပါယ် နှစ်မျိုး ထွက်မဲ့ နာမည်မျိုး လိုချင်ခဲ့တာဖြစ်ပြီး အဲ့ဒီ အချိန်မှာ ကိုယ် ပထမဦးဆုံး တွေးမိတာက ချားလစ်ဝိန်း ဆိုတဲ့ နာမည်ပါဘဲ

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now