Part - 30

4.7K 338 16
                                    

( Unicode )

အနည်းငယ် အေးစိမ့်ကာ သာယာသော မနက်ခင်း ၌
လှိုင်းသံ လေးများ ကြားနေရကာ တစ်ဖက် ကုတင်မှလည်း ချားလစ်သည် အိပ်မောကျနေသည်။
ချားလစ်သည် Dreamအဖို့ တကယ်ကို မျက်စိ ပဒါသ ဖြစ်ကာ အမြဲကြည့်ကောင်းနေမြဲပင် ။
Dream တစ်ဖက်ကုတင်မှ အိပ်မောကျနေသော ချားလစ် အားကြည့်ရင်း မနက်ခင်း သည် ပြည့်စုံသွားသလို မျက်နှာထက်မှ နူးညံ့ငြင်သာသည့် အပြုံးတို့ ကလည်း အလိုအလျောက် ဖြစ်တည်လာသည်။

! ဒေါက် ဒေါက် !

တံခါး ခေါက်သံကြောင့် Dreamသည် ကုတင်ပေါ်မှ ပြေးဆင်းကာ တံခါး အမြန်သွားဖွင့်လိုက်ရသည်။
အမြန်မဖွင့်၍ မရ။ မဟုတ်လျှင် တံခါး ခေါက်သံကြောင့် ချားလစ် နိူးနေရော့မည်။
Dream တံခါး ဖွင့်လိုက်သော် လမင်းသည် သူ့အား ပြုံးကာနှုတ်ဆက်လာသည်။

"morning "

"morning"

"ဒီနေ့ သဲဖြူကျွန်းဘက် သွားမှာလေ မင်းဘာမှ မပြင်ဆင် ရသေးဘူးလား "

လမင်း အမေးကြောင့် Dream အခန်းထဲမှ မနိူးသေးသည့် ချားလစ်အား လှည့်ကြည့်လိုက်သည်။

"ကိုချား မနိူးသေးဘူးလား မင်း သူ့ကို ခေါ်..."

"ရှုး "
လမင်းစကား ပင် မဆုံးလိုက် Dream က တိုးတိုး ပြောရန် တားလာသည်။
"မလိုက်တော့ဘူး မင်းတို့ဘဲ သွားတော့ ငါတို့ ဘန်ဂဘိုမှာ ဘဲ နေခဲ့မယ်"

Dream စကားကြောင့် လမင်း သူ့အား မယုံသလို ကြည့်လာသည်။

"မင်း သေချာလို့လား "

"အင်း သေချာတယ် သွားမယ်ဆို သွားကြတော့လေ "

Dream သူ့အား နှင်ထုတ်လာ၍ လမင်းက Dreamအား ပြုံးစပ်စပ်နှင့်ကြည့်လာသည်။
လမင်းအပြုံးအား Dreamမသိသလို လုပ်ကာ

"သွားမှာ မလား သွားတော့ "

ငါးခူပြုံး ပြုံးရင်း ကျောခိုင်းထွက်သွားသော လမင်း၏ စောင်းချိတ် စကားကိုပင် ကြားလိုက်ရသေးသည်။
"ဟင်း မင်းအိပ်မက်သစ် တို့ကတော့ ဘဲမျက်နှာ တစ်ကမ္ဘာ ထင်နေတာဘဲ
တွဲများတွဲ သွားကြရင် ဘယ်လောက်ထိတောင် အမ်းပေးလိမ့်မလဲ မသိဘူး"

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now