Part - 48

3K 246 29
                                    

( Unicode )

Londonတွင် တစ်ပတ်ကြာမည် ဟုပြောသွားသော ချားလစ်သည် တစ်လကျော် အကြာမှသာ မြန်မာပြည်သို့ပြန်ရောက်ပြီးနောက်တွင် လွတ်သွားသော စာအချို့အား သေချာ ပြန်ကြည့်နေရသည်။
ထို့ကြောင့် Dreamနှင့် တစ်လ လုံးမှ သုံးခေါက်သာတွေ့ရသေးကာ ဖုန်းမှ တစ်ဆင့် စကားပြောဖြစ်သည်က လွဲ တစ်ကျောင်းတည်း တက်ကြသော်လည်း နှစ်ယောက်သားမှာ သေချာ မတွေ့ဖြစ်။ Dreamသည်လည်း အချို့သော ကိစ္စများကြောင့် အလုပ်ရှုပ်နေကာ ချားလစ်အား လာမတွေ့ဖြစ်ပြန်ပေ။
ချားလစ် မြန်မာပြည် ပြန်ရောက်ပြီးနောက် Dreamနှင့် သေချာမတွေ့ဖြစ်သည်မှာ တစ်လ နီးပါးပင် ထပ်မံကြာသွားပြီ ဖြစ်သည်။
Dreamအား တစ်လကျော် ပစ်ထားမိ၍ အတုံ့အလှည့် အနေဖြင့် Dreamသည်လည်း သူ့အား တစ်လကျော် ပြန်ပစ်ထားသည်လား ဟူ၍ ချားလစ် တွေးမိသော်လည်း သူတို့နှစ်ဦး၏ ဆက်ဆံရေးသည် ကြားလူ ဝင်စရာ နေရာပင် မရှိလောက်အောင် အရာရာ အဆင်ပြေနေပြန်သည်။

သူတို့ နှစ်ယောက်သည် တစ်ခါတစ်ရံသာ တွေ့ဖြစ်ကြကာDreamသည် မည်သည့် ကိစ္စ နှင့် အလုပ်ရှုပ်နေမှန်းမသိ ချားလစ် သွားတွေ့ လျှင်ပင် အားလပ်မနေဘဲ အတန်းချိန် အပြည့် မတက်သည်အထိ စောစီးစွာ အတန်းဆင်းသွားတတ်သည်။
တစ်ခါတစ်ရံတွင် ချားလစ်ပင် မသိလိုက်ဘဲ တစ်ယောက်တည်း ခရီးထွက်သွားတတ်သေးသည်။
ချားလစ်သည် ဤသို့သော လျို့ဝှက် လွန်းသည့် Dreamခြေလှမ်းများကြောင့် Dreamတွင် မည်သည့် အရေးကြီး ကိစ္စများ ရှိနေကြောင်း မေးမြန်းခဲ့သော်လည်း Dreamသည် သူ့အား မရေမရာနှင့်သာ ပြန်ဖြေခဲ့သည်။
ထို့ပြင် Dream ခရီးထွက်လျှင် အရေးကြီး ကိစ္စ တစ်ခုခု ကြောင့် ဖြစ်မည်မှန်း ခန့်မှန်းမိ၍ ချားလစ် အဖို့ အလွန် လန့်စရာ ကောင်းနေသည်။
ထို့ကြောင့် ချားလစ် သည် Dream၏ ခြေလှမ်းများအား မစုံစမ်းချင်သော်လည်း စုံစမ်းရန် လိုအပ်လာခဲ့သည်။
သို့မှသာ Dreamတစ်ခုခု လိုအပ်လာလျှင် သူအဆင်သင့် ရှိပေးနိူင်မည် ဖြစ်သည်။
ထို့ကြောင့် ချားလစ် သည် Dreamခြေလှမ်းများအား စတင်သတိထားမိသော လွန်ခဲ့သော နှစ်ပတ်တည်းကပင် သူ၏ Alpha အဖွဲ့သားများအပေါ်ဗိုလ်ကျကာ Dreamအကြောင်း စုံစမ်းခိုင်းထားလေသည်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now