Part - 34

3.5K 297 12
                                    

( Unicode )

"ကိုချား ကို ပြစရာ ရှိတယ် "

ထို့နောက် Dreamသည် သူ့ရှေ့မှ ပိတ်စဖြူအား ဆွဲခွာလိုက်သောအခါ ထိုပိတ်စဖြူအောက်မှ ဓာတ်ပုံမှာလည်း ရုပ်လုံးပေါ်လာခဲ့သည်။

ထိုအခါ ဓာတ်ပုံ ဘောင်ထဲမှ ဇာတ်ဆောင်မှာ ကျောင်းစိမ်း ဝတ်စုံနှင့် အမျိုးသမီး တစ်ဦးဖြစ်ကာ
သူမက ပါးချိုင့်များ ပေါ်နေသည် အထိ ပြုံးနေလေ၏။

ထို တစ်ခဏ ချားလစ်သည် ထို ဓာတ်ပုံဘောင်ထဲမှ ဇာတ်ဆောင် အမျိုးသမီးအား မြင်တွေ့ လိုက်သည့် အခိုက် အံ့သြ လွန်းကာ မျက်ဝန်း အစုံမှာ  ပြူးကျယ် သွားရသည်။

"ဒါက... .."

Dream သည် ချားလစ် အား လျစ်လျူရှု လိုက်ကာ နောက်ထပ်သော ပန်းချီ ကားများနှင့် ဓာတ်ပုံများပေါ် အုပ်ထားသည့် ပိတ်စ ဖြူများအား ဆွဲခွာ လိုက်သည်။
အံ့သြ စရာ ကောင်းလောက်အောင်ပင် နေရာတိုင်း၏ ဇာတ်ဆောင်မှာ အမျိုးသမီး တစ်ဦး တည်းသာ ဖြစ်နေခဲ့သည်။

ချားလစ်မှာ ရုတ်တရက်ကြီး မြင်တွေ့လိုက်ရသည့် ကိစ္စအား နားမလည် နိူင်စွာပင် သူ့ဦးနှောက်အား လျင်မြန်စွာ အလုပ်ပေးလိုက်သည်။
သို့သော်လည်း ဘာဆိုဘာမှ သိလွန်စ မသိရသေးသော ကိစ္စဖြစ်နေ၍လည်း သူ ဘယ်လောက်တွေးတွေး နားမလည် နိူင်သေး။

"သူ....ဒီ ပုံတွေထဲက အမျိုးသမီးက ဘယ်သူလဲ။
ခုနက ကိုယ်တို့ ဆေးရုံမှာ တွေ့ခဲ့တဲ့ အမျိုးသမီး လား "

ချားလစ် ထိုသို့သာ မေးလိုက်သော်လည်း သေချာပေါက် ထိုအမျိုးသမီး မဟုတ်မှန်း သူသေချာ သိနေသည်။
ထို့ပြင် သူ့ရှေ့မှ ကျောင်းစိမ်းဝတ်စုံနှင့် ထိုဓာတ်ပုံမှာ တိုက်ဆိုင်စွာပင် သူ့အိမ်တွင်လည်း ထိုကဲ့သို့ တစ်ခု ရှိနေပြန်သေးသည်။

ချားလစ်မှာ တွေးရင်း တွေးရင်းနှင့် စိတ်ရှုပ်လာကာ မျက်နှာမှာလည်း ရှုပ်မဲ့လျက်သားပင်။

မျက်မှောင်ကြုတ်ကာ အသည်းအသန် တွေးခေါ်နေသော ချားလစ် ပုံစံကြောင့် Dreamသည် ချားလစ်နား လျှောက်လာကာ ဓာတ်ပုံ ထဲမှ အမျိုးသမီးအား ကြည့်ရင်း နှင့်ပင် ခပ်ဖြည်းဖြည်းပြောလာသည်။

နူးညံ့တဲ့ အမိန့်တော် ( နူးညံ့တဲ့ အမိန့်တော် )  [ Complete ] Where stories live. Discover now