အခန်း ၁။

20.4K 790 29
                                    

Unicode

" ကိုနိမိတ်က Project အတွက် ယာယီဦးထားနယ်မြေရဲ့ အကြီးဆုံးမြေကွက်ကို လေလံနှစ်ဆနဲ့ဝယ်ယူသွားပါတယ် မင်းသား။ "

" ဘာ! "

မဟာမြတ်သူတစ်ကိုယ်လုံး ဒေါသကြောင့်တုန်ရီနေပြီး လက်သီးကိုတင်းနေအောင်ဆုပ်ထားသည်။ စီးပွားရေးနယ်ပယ်မှာကျင်လည်ကျက်စားတဲ့ chairman တစ်ယောက်မို့ နုံဖျင်းသည့်လူထဲတွင်မဟာမြတ်သူမပါပေ။

အစောပိုင်း ရုံးခန်းရဲ့မှန်အကာဘက်နားမှာ မတ်တပ်ရပ်ကာ အပေါ်စီးကနေလှမ်းမြင်သမျှ မြို့ရဲ့မြင်ကွင်းကို တည်ငြိမ်အေးချမ်းစွား ငုံ့မိုးကြည့်နေခဲ့သမျှ ယခုတွင်မူရှေးနှင့်မတူစွာပင် ဒေါသကြောင့်တရှူးရှူးတရှားရှားပင်ဖြစ်ကာ ထကြွသောင်းကျန်းတော့မလိုပင်။

" ကိုနိမိတ်က မင်းသားရှင်းချင်ရင် စံအိမ်ကိုလာခဲ့ဖို့ မြေကွက်ပိုင်ရှင်ဆီမှာစကားချန်ခဲ့ပါတယ် "

" နိမိတ်ရှိန်ဝါ!!! မင်းကများလူ​ပါးဝလို့ "

ဒေါသတကြီးနဲ့လူ၏ ဖွေးနုသည့်မျက်နှာလေးသည် ယခုတွင်မူရဲတောက်ကာ အသက်ရှူသံတွေပင်မြန်နေပြီဖြစ်သည်။

စုံလည်ကုလားထိုင်ပေါ် ချွတ်တင်ထားသည့် coat ကိုဆွဲယူပြီးတာနဲ့ စားပွဲပေါ်တင်ထားတဲ့ကားသော့နဲ့ ခေါက်ပိုက်ဆံအိတ်ကိုပါဆတ်ခနဲဆွဲယူပြီး ရုံးခန်းကဆင်းလာလိုက်တော့သည်။

" စိမ်းကို အစည်းအဝေးတွေအကုန်ရွှေ့ထားလိုက်လို့ပြောလိုက် "

" ဟုတ်ကဲ့ပါ မင်းသား "

အနားကလူနဲ့ လမ်းကြောင်းချင်းခွဲပြီးတာနဲ့ ခြေလှမ်းကျဲတွေနဲ့လျှောက်လှမ်းကာ parking ကိုဆင်းလာလိုက်တော့သည်။

သူ့နာမည်မဟာမြတ်သူ။ The Great ရဲ့ Chairman တစ်ဖြစ်လဲ တော်ဝင်နိုင်ငံတော်ရဲ့ အိမ်ရှေ့စံမင်းသားနေရာအတွက် လျာထားခြင်းခံရသူ။

တစ်နည်းအားဖြင့် Crown ရဲ့ပိုင်ရှင်။
ကြီးမြတ်ခြင်း၊ ထည်ဝါခြင်း၊ အေးချမ်းတည်ငြိမ်ခြင်း၊ ​ရှေ့ဆောင်လမ်းပြခြင်းနဲ့ အိမ်ထောင်ဦးစီးဆိုတဲ့ သဘောကိုဆောင်တဲ့ အိမ်​ရှေ့စံသရဖူအတွက် ထင်ကြေးပေးမှုအမြောက်အမြားကို လက်ခံရရှိထားတဲ့သူ။

The Crown ✅Where stories live. Discover now