အခန်း ၃၂။ (Final)

7.5K 355 25
                                    

Unicode

ကလေးတွေက လသားအရွယ်ကနေ တစ်နှစ်ပြည့်ထိကူးပြောင်းလာသည်။ တုတ်တုတ်ခဲခဲကိုယ်လုံးလေးများနှင့် စူးစမ်းတတ်ခါစပေါက်စနလေးများက နိမိတ်ရဲ့အသည်းကျော်များ။ ဧကရာဇ်နဲ့မင်းသမီးရဲ့ ရင့်နှစ်သည်းချာများသာ။

လက်တစ်တုတ်လေးများက မမှီမကမ်းဆိုသိပ်စွဲချင်တတ်ကြပြီး နောက်ကလိုက်ဆွဲရသည်က နိမိတ်ပဲဖြစ်သည်။ ပုစုခရုလေးများနဲ့သူ့မယ် ရိုးရတယ်လည်းမရှိပါလေ။

" သားသေးခံကို လဲထားခဲ့ဖို့ မောင်ပြောတယ်မလား "

" ဆောရီး ငါအစည်းအဝေးရှိလို့ပြေးလိုက်ရတာ အခုကော ပြီးပြီမို့လား "

မဟာမြတ်သူက အခန်းဝရှေ့က ဖိနပ်စင်မှာသူ့ဖိနပ်ကိုသပ်သပ်ရပ်ရပ်ချွတ်လိုက်ရင်းကနေ နက်ခ်တိုင်ကိုဖြည်ချလိုက်သည်။ ပြီးတော့ အမောတကောဖြင့် တော်ဝင်အိပ်ခန်းထဲသို့ပြေးဝင်သွားကာ king bed size အိပ်ရာပေါ်၌ ငုတ်တုတ်ရှိသော သားဦးလေးနှစ်မွှာကို နားထင်နားသို့ငုံ့နမ်းလိုက်၏။

" မင်းကိုအလိုလိုက်လွန်းနေတာ များပြီထင်တယ် အချစ် "

နိမိတ်ကရေမိုးချိုးထားပြီးပုံပေါ်သည်။ ဆွဲသားရှပ်လက်ရှည်နှင့် သူ့ခန္ဓာကိုယ်ကချပ်ရပ်နေပြီး ရင်အုပ်များက ထင်းမောက်နေကာ ပါးသိုင်းမွှေးရေးရေးရှိနေသည်။

" နိမိတ်! "

" ရေချိုးတော့မလား "

" ဟွန်း! မင်းကကော ရေချိုးပြီးပြီလား "

" ကိုယ်က "

နက်ခ်တိုင်ကလေထဲဝဲသွားရင်း မဟာမြတ်သူကသူ့အင်္ကျီရဲ့ ကြယ်သီးတွေကိုဖြည်ချလိုက်သည်နှင့် နိမိတ်မျက်ဝန်းတွေမဲမှောင်သွားသည်။

ဒီနေ့က သားတို့ရဲ့တစ်နှစ်ပြည့်မွေးနေ့ပွဲလေးဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့နှစ်ပတ်လည်လည်းဖြစ်ပြန်သည်။ ဒါကို အိမ်မှာပဲနေပါလို့မှာထားခဲ့ရက်ကြားက မဟာမြတ်သူက ဝန်ကြီးများအစည်းအရုံးကိုသွားသည်။ နိုင်ငံရေးတွေကိုထပ်ဝင်ပါပြန်ပြီ။

အခုလိုအနေအထားမှာ သူ့စိတ်တွေညွတ်ခွေသွားတာများ ကလေးတွေကိုဒီတိုင်းထားခဲ့လို့ သောင်းကျန်းပစ်လိုက်ဦးမယ်ဆိုတဲ့ စိတ်တွေလေထဲလွင့်ခဲ့ပြီ။

The Crown ✅Where stories live. Discover now