အခန်း ၁၅။ (ဒုတိယပိုင်း)

4.3K 409 36
                                    

Unicode

မေမေနဲ့ခမည်းတော်ပြန်သွားသည့်တိုင်အောင် သူ့စိတ်တွေ ပျံ့နှံ့ဝေဝါးနေသည်။ သူဟာဂုဏ်ယူအားထားရမယ့်ရှေ့ဆောင်။ အများပြည်သူအတွက်သိက္ခာတရားတွေခညောင်းနေရမယ့် အိမ်ရှေ့စံ။ ဘယ့်နှယ့်ကြောင့်ကိုယ်ဝန်ဆောင်ရမည်နည်း။

ပျံ့ကျဲနေသည့်ကြမ်းပြင်ထက်မှ အလှပန်းအိုးကွဲများနှင့် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည့် လက်ထဲမှ အပိုင်းအစတစ်ခု။ ဒါကသေကြောင်းကြံတာပဲ။ တကယ်တော့လည်း ဒီလောက်ထိအထိတ်တလန့်ဖြစ်သွားစရာမလိုပါ။ ဝမ်းဗိုက်သို့ လက်ဖဝါးဖြင့်ထိအုပ်မိမှ တနုံ့နုံ့ပျံ့လွင့်လာသော အမည်မသိသက်သောင့်သက်သာဖြစ်မှုသည် အစိုးမရအောင်ရင်ဘတ်တစ်ခုလုံးထုံလွှမ်းသွားသည်။

သို့သော် ဒီပုံစံကသူနှင့်မကိုက်။ နိုင်ငံ့ဂုဏ်ဆောင်မယ့်ယောက်ျားတစ်ဦးက ကိုယ်ဝန်နဲ့တဲ့။ တစ်နည်းအားဖြင့် ဂုဏ်သိက္ခာတရားကြီးမြတ်လှတဲ့ တော်ဝင်မျိုးဆက်ထဲမှာ ဒီမင်းသားကျမှကိုယ်ဝန်နဲ့တဲ့လေ။

စို့နစ်လာသောမျက်ရည်စများက ဗိုက်ထဲတွင်အပြစ်မရှိကလေးတစ်ယောက်ရောက်နေသည်ဟူသော အတွေးကြောင့်သာ။ ဒီကလေးကလာချင်ပါတယ်လို့မဆိုခဲ့ဘဲ ကိုယ်တို့နှစ်ဦးရဲ့ပေါ့ဆမှုကြားရောက်လာခဲ့ပြီးမှ ​ခြေလက်စုံအောင်တောင်မဖွံ့ဖြိုးသေးခင် လောကကြီးကိုတောင်မမြင်သွားသေးခင် ....

တကယ်လို့...တကယ်လို့များလေ ဒီကလေးမှာ အသိစိတ်သာရှိနေခဲ့ရင် အပြစ်တင်နေမည်လား။

ထားပါလေ။ ချစ်ခြင်းမေတ္တာဟူသည် စိတ္တဇနာမ်မည်ပါသည်တဲ့။ မည်သို့သောစိတ်ခံစားချက်ကိုအလေးပေးရမည်နည်း။ မည်သို့သောစိတ်ခံစားချက်က သူလိုစနစ်ကြီးတဲ့မင်းသားတစ်ပါးအတွက် အရေးပါနေပါသနည်း။

" မဟာမြတ်သူ "

တံခါးအပြင်မှကြားရတဲ့အသံကြောင့် လန့်ဖျပ်ကာတုန်တက်သွားလျှင် လက်ထဲက ကြွေထည်အပိုင်းအားဖျစ်ညှစ်မိ၍ ရှသွားခဲ့လေသည်။

အားပြတ်နေသောနိမိတ်အသံတိုးညှင်းညှင်းက ဂရုဏာသက်ဖွယ်ဆိုသော်ငြား မဟာမြတ်သူကတော့ ပြေလျော့နေသည့်မျက်ခုံးတွေကိုပင်ပိုပိုသာသာကျုံ့ပစ်မိသည်အထိ။

The Crown ✅Where stories live. Discover now