အခန်း ၇။

4.7K 414 9
                                    

Unicode

​မဟာမြတ်သူက design room တွင် လူးဝစ်နှင့်အတူရှိနေခဲ့ပြီး Dream Dress အတွက် design ဆွဲထားသည်ကို စလုပ်ဖို့တိုင်ပင်နေတာဖြစ်သည်။ အခန်း၏အပူချိန်သည် အနည်းငယ်နွေးထွေးပြီး သက်တောင့်သက်သာဖြစ်ကာ မြတ်သူကိုယ်တိုင်လည်း နို့နှစ်ရောင်ဆွယ်တာပွပွနှင့် အတော်ကိုကြည့်ကောင်းချေ၏။ လက်ထိပ်လေးများသည်လည်း ရဲသမ်းနေကာ ကော့သွယ်နေသည့်လက်ချောင်းများသည် အတော်ကိုလှပေသည်။

ရုတ်တရက်ပင် အခန်းတံခါးအားတွန်းဖွင့်ခံရပြီး suit အပြည့်နှင့်လူများတန်းစီဝင်လာသည်မို့ မြတ်သူခမျာ နေရာတွင်ကြောင်အ,ရပ်မိသည်နေသည်အထိဖြစ်၏။

" ဘယ်လိုဖြစ်လို့ "

မြတ်သူတစ်ကိုယ်လုံးပင်မတ်သွားကာ အနည်းငယ်ပင်လန့်ချင်သွားရသည်။ ရုတ်တရက်ကြီးဆိုတော့ ရင်ထိတ်သွားတာမို့ နှလုံးခုန်နှုန်းကအနည်းငယ်မြန်ချင်နေသည်။ သူအခုတလော သိပ်အသည်းငယ်​နေသလားလို့။

" မင်းသားလုံခြုံရေးအတွက်ပါ "

" ဘာရယ် "

" ကျွန်မ ကျွန်မတားပါသေးတယ် မင်းသား "

စိမ်းက နောက်ကနေ မျက်နှာငယ်လေးနဲ့ပါလာပြီး ခေါင်းလေးငုံ့ထားရှာသည်။ သူဆူမှာကိုလည်းဆိုးပုံရကာ မျ​က်လုံးချင်းတောင်စေ့အောင်ကြည့်မလာခဲ့။

" မင်းသားလုံခြုံရေးအတွက် စောင့်​ရှောက်ဖို့ အမိန့်ပေးထားလို့ပါ "

ငယ်စဥ်တည်းက ခုလို အစောင့်အပြည့်နဲ့ မွန်းကျပ်စွာနေခဲ့ရသည်မို့ ထပ်ပြီးမွန်းကျပ်ရသည့်အစောင့်တွေကြား ပြန်မရောက်ချင်သည်မှာအမှန်ပေ။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်သည့်အချိန်မှာ လူအင်အားအများအပြားနဲ့ကြောက်လန့်မနေချင်​ပါ။

" ဘယ်သူခိုင်းတာလဲ "

ဒေါသတကြီးမဟုတ်သော်ငြား မျက်ခုံးတွေတွန့်ချိုးထားပြီး မေးမိသည်မို့ စိတ်ရှုပ်နေသည်မှာသိသာချေသည်။ လူးဝစ်ကမင်းသားနဲ့အစောင့်တွေကိုသာတစ်ပြန်ဆီကြည့်နေပြီး မည်သည်ကိုမှပြောမလာ။ သူ့တွင်စောင့်ကြည့်နေလိုက်ရုံမှအပ စွက်ဖက်ဖို့ဆန္ဒရှိပုံလည်းမပေါ်ပါ။

The Crown ✅Where stories live. Discover now