အခန်း ၃၁။ ⚠(Special Present)

8.8K 377 35
                                    

This part contains a lot of extremely smut sence!
I recommend, if u are under 18 or having allergic with smut sence, don't read this chapter. With Warmly friendly advice.

Scroll down for Zawgyi Code.

Unicode

ဆေးရုံကဆင်း၍ ၄၅ရက်အကြာတွင် မဟာမြတ်သူကကောင်းကောင်းလမ်းလျှောက်နိုင်ချေပြီ။ အရင်လိုဆူဖောင်းသည့်ဗိုက်မရှိတော့သည်အပြင် ချုပ်ရိုးရာညိုနက်နက်ကသာ သူ့ဝမ်းဗိုက်တွင်ကန့်လန့်ဖြတ်တည်ရှိနေ၏။

တော်ဝင်မျိုးဆက်အတွက် ယောက်ျားလေးနှစ်ယောက်ကိုမွေးဖွားပေးခဲ့ပြီ Liberty နှင့် The Great ကိုလည်း နှစ်ယောက်အတွက်ခွဲဝေပေးမည်ဟု နိမိတ်ကခဏခဏပြောသည်။ တီရှပ်ပွနှင့် ပုဆိုးကိုသာလျော့တိလျော့ရဲ ခပ်နွမ်းနွမ်းသာဝတ်ထားသော်လည်း ကလေးမွေးပြီးကာစဖြစ်တဲ့မဟာမြတ်သူက အသားအရည်များကြည်တောက်လို့ ဖွေးအုနေသည်။

ပါးအို့လေးများနီဆွေးကာ နှုတ်ခမ်းလုံးလေးများကအစ နီနီစိုစိုနှင့် ချိုချဥ်လုံးကဲ့သို့ပေ။

သူ၏ရုပ်ပိုင်းဆိုင်ရာသည် အရင်နဲ့မတူအောင်ပြောင်းလဲသွားပြီဖြစ်ကာ ခပ်မျှင်းမျှင်းရှိသည့် six pack အစား အမာရွတ်ကန့်လန့်ဖြတ်နှင့် ဖွေးအုသည့်ဝမ်းဗိုက်ပြင်လေးက နေရာယူလာသည်။ တုတ်ကျစ်ဖူးခဲ့သည့်လက်မောင်းပြင်တွေအစား ရော့ရဲကာ အိစက်နေသည့် လက်မောင်းဖွေးဖွေးများဖြစ်လာသည်။

မိခင်များကဲ့သို့ သွေးသားပြောင်းလဲလာသော်လည်း စိတ်ကတော့အရင်အတိုင်းမြန်သည်။

စံအိမ်ကြီး၏ ထမင်းစားခန်းနှင့်မီးဖိုချောင်တွဲလျက်တွင် ရေနွေးအိုးဘေးမှာသူရပ်နေတာဖြစ်သည်။ နို့ဘူးနှစ်ဘူးသည်ဆေးကျောထားသည်နှင့်အမျှ တောက်ပြောင်ကာ ကြည်နေပြီး ထပ်ဖျော်ဖို့အတွက်အရန်သင့်ဖြစ်နေသည်။ အချိန်အားဖြင့် မနက် ၉နာရီဖြစ်သော်လည်း ကောင်းကောင်းအိပ်ရပုံမပေါ်သည့်သူ့မျက်နှာတွင် မျက်တွင်းများအနည်းငယ်မဲနက်နေသည်။

နွေးရုံသောရေနွေးကို နို့ဘူးထဲထည့်၍ အမှုန့်ရောကာဖျော်စပ်ပြီးလျှင် ပါးစပ်ထဲသို့အနည်းငယ်အစက်ချလိုက်သည်။ နွေးတေးတေးအရသာကအနေတော်မျှသာ။ သူက ဘယ်ညာကြောင်လိမ်လှေကားများကို နင်းဖြတ်ပြီး အခန်းတံခါးဆွဲဖွင့်လျှင် ကလေးနှစ်ယောက်ကိုဘေးတစ်ဖက်တစ်ချက်ချ၍ သိုးအောင်အိပ်ပျော်နေသော နိမိတ်ကိုတွေ့သည်။

The Crown ✅Where stories live. Discover now