အခန်း ၁၆။

4.6K 433 45
                                    

Unicode

တံခါးဖွင့်သံကြားသည်မို့ အိပ်နေရာမှထကာ အခန်းထဲဝင်လာမယ့်လူကိုသူကြည့်နေမိသည်။

" မေမေ! "

ကျယ်ဝန်းသောဆေးရုံခန်းထဲ ဆိုဖာဆက်လေးငါးခုနှင့် မွှေးပွကော်ဇောကြီးခင်းထားသည်မို့ နွေးနေကာ တစ်ခန်းလုံးသက်သောင့်သက်သာရှိလှလေသည်။

မြတ်သူက ကုတင်ပေါ်မှခြေထောက်နှစ်ဖက်ကိုချ၍ မိခင်ဘက်ကိုထလာဖို့ပြင်လျှင် မအေဖြစ်သူက မဟာမြတ်သူအား လက်မောင်းရင်းလေးမှခပ်ဖွဖွဖျစ်ကိုင်ကာ ကူတွဲလေ၏။

" ကျွန်တော်ဒဏ်ရာရမလာပါဘူး မေမေရဲ့ "

" မရမှန်းတော့သိပါတယ် လာပါ "

မေမေ့ကူတွဲရာနောက် ကလေးတစ်ယောက်လိုမှီခိုကာလိုက်ရင်းဖြင့် ပါးလေးအားရွှတ်ခနဲနမ်းလျှင် မေမေ့ဆီကမျက်စောင်းတစ်ခုအားအပိုင်စားရရှိလေသည်။

" မနက်စာစားမယ် ပြီးရင်ပြန်ကြမယ် "

" စံအိမ်ကိုလား စံနန်းကိုလား "

" စံအိမ်ကိုပေါ့ "

" ဟို ကျွန်တော် "

" မောင်နိမိတ်က အိမ်ပြန်မလာပါဘူးတဲ့ မင်းကိုအေးဆေးနေပါတဲ့ ကြည့် သူများသားသမီးက မင်းအပေါ်ဘယ်လောက်သိတတ်လိုက်သလဲ "

သူပင့်သက်ရှိုက်လိုက်ရင်းမှ မေမေ့အားအတွန့်တက်မနေတော့ဘဲ လက်ထဲကစွပ်ပြုတ်နွေးကိုသာသောက်နေမိတော့သည်။

ပြန်မလာဘူးဆိုတဲ့စကားကလည်း နိမိတ်ရှိန်ဝါမာနကြီးမှန်းသက်သေပြသည်။ သည်ကောင်က သူ့လိုအကြောမျိုး၊ သူ့လိုမာနကြီးနဲ့ နည်းနည်းမှတင်စီးမခံတဲ့ကောင်။

သူလို​​ယောက်ျားမျိုးက မဟာမြတ်သူအပေါ် ဦးစီးဦးဆောင်ပြုချင်တယ်ဆိုတာက မလွန်လွန်းဘူးလား။ သူကဘာကောင်များမို့လို့တဲ့လဲ။

" မေမေ "

" အင်း "

မေမေကသစ်သီးများလှီးစိတ်ရင်းကနေ သူ့ကိုအသံပြုသည်။ တည်ငြိမ်နေသောမျက်နှာထား ခပ်မြင့်မြင့်ထုံးဖွဲ့ထားသည့် ဆံထုံးများနှင့် အတော်ပင်ကျက်သရေရှိလှသောအမျိုးသမီးပေမို့ သခင်မကြီးဖြစ်ရသည်မှာ ထိုက်တန်သည်ဟုပင် ပြောသင့်ဖွယ်ရာ။

The Crown ✅Where stories live. Discover now