အခန်း ၂။ ⚠

9.1K 560 17
                                    

Unicode

သူ့တစ်ကိုယ်လုံး နိမိတ်အောက်မှာဖိခံထားရတာဖြစ်သည်။ မျက်နှာတစ်ခုလုံးနီရဲလို့ ပေါက်ကွဲထွက်တော့မယောင်ရှိပေမဲ့ နိမိတ်မျက်နှာက သူ့ရင်ဘတ်မှာအပ်ကာ အတင်းနမ်းရှုံ့နေသည်။

" နိမိတ်! အမှတ်တွေချန်ခဲ့ရင် မင်းအသေပဲနော်! "

ရင်ညွန့်ရိုးမှစ ခဲငုံရင်းနဲ့ နိမိတ်ကဂရုမစိုက်စွာပင် မဟာမြတ်သူရင်ဘတ်တစ်လျှောက်လုံးကို ကိုက်လိုက်စုပ်လိုက်နှင့် အနီစပ်တွေချန်ထားခဲ့လေသည်။

ဖျင်းခနဲနာသွားတာကြောင့် သူပြောဖို့ပြင်နေစဥ်တွင် မျက်ဝန်းရီဝေဝေနဲ့နိမိတ်က သူ့နှုတ်ခမ်းတွေကို နောက်တစ်ကြိမ်ပြန်လည်ဖမ်းယူလိုက်တော့သည်။

" အွန်း! ဝွန်း! "

ခပ်အိအိနှုတ်ခမ်းနှစ်စုံ၏ မီးပွင့်မတတ်ထိစပ်မှုတွေကြား အသက်ရှူမဝတာကြောင့် မဟာမြတ်သူမျက်နှာတစ်ပြင်လုံးနီစုန့်လာလေတော့သည်။

အောက်နှုတ်ခမ်းဖျားသို့ သွားနှင့်ခပ်ကြိတ်ကြိတ်ဖိကြိတ်လိုက်လျှင်ပဲ ဗလုံးဗထွေးနှင့် မဟာမြတ်သူ၏နှုတ်ခမ်းအစုံသည် ပွင့်အလာလေတော့သည်။

" ဟွန့်! "

ကြင်နာမှုမရှိ တပ်မက်မှုဖြင့်သာ ခံတွင်းထဲသို့မွှေနှောက်နေသော လျှာဖျားသည် နေရာဒေသကိုကျင်လည်စွာပင် အခွင့်အရေးကိုအခါအားလျှော်စွာ အသုံးချလေတော့သည်။

ပါးစောင်၊ သွားဖုံးတွေအထိထိုးမွှေနောက်ရင်း လျှာဖျားထိပ်တို့ထိစပ်သွားတိုင်း မဟာမြတ်သူတစ်ကိုယ်လုံး လျှပ်စီးဖြင့်တို့ခံလိုက်ရသူနှယ် ပျော့ခွေသွားရစမြဲ။

" အွန်း! ဟင်းဟင်း! "

ပြွတ်!

အဖျားသတ်အနမ်းနောက်တော့ သူ့တစ်ကိုယ်လုံးအားအင်တွေစုပ်ယူခံလိုက်ရသလို ပက်လက်လေးဖြင့်ငြိမ်သက်နေရတော့လေသည်။

" Crown ကိုခင်ဗျားရလည်း ပြောင်းလဲသွားမှာ ဘာမှမရှိဘူး ကိုမြတ်သူ "

သူထိုသို့ပြောလိုက်လျှင်ပဲ လက်ကျန်ခွန်အားကို မျက်ဝန်းတွေသို့ပို့လိုက်ပြီး နိမိတ်ကိုခပ်စူးစူးမျက်စောင်းနှင့်ကြည့်လေသည်။

The Crown ✅Where stories live. Discover now