အခန်း ၁၇။

5.3K 528 64
                                    

Unicode

ဆောင်းညတာကာလရှည်ကြာဖြစ်သော်ငြား ထိုမျှလောက်အေးမနေခဲ့။ ခိုက်ခိုက်တုန်အောင်ချမ်းရမယ့်အစား နွေးထွေး၍သက်သောင့်သက်သာဖြစ်သောအိပ်ရာသည် သူ့အတွက်အဆင်ပြေသည်။

သို့သော် ဒီလိုရာသီဥတု ချမ်းစီးကြီးမှာနွေးထွေးသည်ဆိုသော်လည်း ဆီးကရွှင်မြဲ။ နောက်ပြီးသူကနှစ်ယောက်စာမို့ ဆီးခဏခဏသွားသည်။

မျက်တောင်ဖျားတွေကိုတစ်ဖျတ်ဖျတ်ခတ်၍ အမြင်အာရုံအားရှင်းလျှင် သူ့မျက်စိရှေ့မှ အနက်ရောင်ရှပ်သားနှင့် ကြယ်သီးအနည်းငယ်လပ်နေသော ရင်အုပ်မောက်မောက်ကိုတွေ့ရလေသည်။

ရှေ့တွင်ရှိနေသည်မှာ လူတစ်ယောက်လို့သိလိုက်ပြီးလျှင် အလန့်တကြားဖြင့် မျက်ခုံးတို့တွန့်ချိုးမိပြီး သူလူးလွန့်ကာထလာမှ ထိုလူ့မျက်နှာအားသေချာမြင်ရချေ၏။

ပြုံးယောင်သမ်းကာအိပ်ပျော်နေသောမျက်နှာက ဝါထိန်သောမီးအိမ်အလင်းရောင်အောက်တွင် ကျော့ရှင်းနေကာ မေးရိုးထင်းနှင့်နှာတံကောက်ကလည်း ယောက်ျားပီသစွာ ထင်ရှားနေ၏။ ယခုတွင်မူ ညသန်းခေါင်ကြီးသူ့ဘေးကို နိမိတ်ရောက်နေတာပါတဲ့။

သူဘယ်လိုစဉ်းစားစဉ်းစားအဖြေကမထွက်။ နိမိတ်ဒီနေ့ကျမှပြန်လာသလားဆိုရင်လည်း ၂ လကြီးတောင်အပြင်မှာ ပစ်ပစ်ခါခါနေခဲ့ပြီး အခုမှဘာလို့လဲ။ သူကကောဘာလို့သူ့ရင်ခွင်ထဲရောက်နေရတာလဲ။ ဘာကြောင့်လဲ။

" နိမိတ် ထ အခုထစမ်း "

" ဟင်! အင်း "

" ထစမ်းလို့ ခု! "

အသံညှင်းညှင်းက သူ့နားထဲတိုးငြိလာလျှင် နိမိတ်ကမျက်ဝန်းတွေမှုန်မှုန်ဝါးဝါးဖြင့် သူ့အားကြည့်လာလေသည်။ ပြီးတော့မှမျက်လုံးပြူး မျက်ဆံပြာဖြင့် ကုတင်ပေါ်တွင်ငုတ်တုတ်ထထိုင်ချေ၏။

မျက်စောင်းတရွယ်ရွယ်ကြည့်နေသောသူက သူ့ကိုကြည်ပုံမရ။ မျက်မှောင်ကြီးကျုံ့ကာဖြင့် ခပ်မာမာစိုက်ကြည့်လာသည်။

" ကိုယ်နှိုးမိသွားတာလား နိုးလာတာလား "

" ဘယ်တုန်းက ပြန်ရောက်နေတာလဲ "

The Crown ✅Where stories live. Discover now