အခန်း ၂၂။

4.5K 553 39
                                    

Unicode

အနည်းငယ်ဆူမို့နေသောချက်ပေါက်လေးမှာ အသက်ရှူသံနှင့်အညီ လှုပ်ခတ်နေခဲ့ပြီး မဟာမြတ်သူက ကုတင်ပေါ်တွင် မိန်းမောစွာအိပ်စက်နေလေသည်။

အိပ်ရှိန်ကြောင့် လိပ်တက်နေသောဘောင်းဘီက ပေါင်ရင်းနားတွင်ဝေ့ကာ ဖွေးမွတ်သည့်ခြေသလုံးပြည့်ပြည့်လေးနှင့် ခပ်အင့်အင့်ပေါင်လုံးလေးများကို ထင်ရှင်းစွာဖော်ပြထားလေ၏။

ရုံးသွားမယ်ဆိုသောလူက အခုထိမနိုးသေးချေ။ အသက်ရှူသံမှန်မှန်နှင့်အိပ်မောကျနေပြီး မည်သည့်တည်ရှိမှုကမှ မလှုပ်ကိုင်နိုင်ဟန်။ သည်လိုနဲ့ အေးချမ်းသည့်ပုံရိပ်လေးပျောက်မှာကိုပင်ဝေဝါးသွားရ၍ နိုးရန်လှမ်းနေသောလက်များက လေထဲတွင်တန့်သွားသည်။ မရေရာသောခံစားချက်များက နိမိတ်မျက်ဝန်းထဲတွင်ထင်ထင်ရှားရှားရှိလေ၏။

အိပ်နေသူကို မနှိုးတော့ဘဲထားဖို့ပြင်ပြီးကာမှ လှုပ်ခတ်လာသောမျက်ဝန်းများကြောင့် နိုးတော့မည်ကိုသိလိုက်ရလေသည်။

" ဟင့်! "

မသိမသာရှိုက်လိုက်သောအသံသေးလေးကပင် နိမိတ်ရင်ကိုကုတ်ခြစ်နေသည့်နှယ်ခံစားရသည်။ သည်လူ့ကိုသူအသည်းယားလွန်း၍ ဘယ်လိုလုပ်ရမည်ပင်မသိ။ အရင်ကရမ်းရမ်းကားကားဆိုးသွမ်းသော်လည်း ယခုတော့ကလေးတစ်ယောက်လိုဆိုးသွမ်းသည်။

မျက်ဝန်းတို့မဖွင့်ဘဲ ခေါင်းအထက်သို့ လက်ဆန့်တန်းကာ ပျင်းရိပျင်းတွဲ အကြောဆန့်ပစ်ရင်းကနေ ကျေနပ်သည့်အသံလေးကိုညည်းညူပြန်သည်။ သည်လူအတော်လည်းတတ်နိုင်သည်။ သူ့ကိုသတိထားမိပုံလည်းမရ။ ရှိနေရင်လည်းအဖတ်လုပ်မည်မဟုတ်ပေ။

" ရုံးသွားရမယ်ဆို "

ထိုမှသာသူ့အသံကိုကြား၍ ခေါင်းလေးဆတ်ခနဲထောင်ကာ မျက်တောင်လေးပုတ်ခတ်၍ကြည့်လေ၏။

သူသည်းမခံနိုင်တော့ပေ။ ချက်ချင်းပင် ထိုလူ့ဘယ်ညာဘေးတစ်ဖက်တစ်ချက်သို့လက်ထောက်ပစ်ကာ အပေါ်စီးမှအုပ်မိုးလိုက်လျှင် မျက်မှောင်ကြီးကုပ်၍ကြည့်လာတော့သည်။

" ခင်ဗျားသိပ်အသည်းယားစရာကောင်းလှချေလား "

ထိုစကားကြားမှဟွန့်ခနဲနှာမှုတ်၍ သူ့ကိုအထင်သေးသလိုကြည့်ချေ၏။

The Crown ✅Where stories live. Discover now