အခန်း ၂၄.၁။

4.2K 344 28
                                    

(Unicode)

မသိလိုက်ခင်လေးတွေဟာများပြားပါတယ်။
ဥပမာ- မသိလိုက်ခင်လေး တစ်စုံတစ်ယောက်အထိအတွေ့တွေကိုနှစ်သက်ခဲ့တယ်။ မသိလိုက်ခင်လေးတစ်စုံတစ်ယောက်ဆိုတဲ့အသိနဲ့ စိတ်သက်သာရာရတယ်။ မသိလိုက်ခင်လေးမှာပဲ တစ်စုံတစ်ယောက်ဆီမှာ နစ်ဝင်ပျော်ကျလာတယ်....။

ဘယ်ပြောနိုင်ပါ့မလဲ။
မသိလိုက်ခင်လေးမှာပဲ တစ်စုံတစ်ယောက်ကိုမချစ်နိုင်ဘူးလို့လေ။

//

" မောင်ပြောရင် ခင်ဗျားကဂရုမစိုက်ဘူး "

နားထင်စပ်မှာသီးနေတဲ့ချွေးစတွေကို ပိုးပုဝါနှင့်တယုတယသုတ်ပေးရင်း စားပွဲပေါ်ကရေတစ်ခွက်ကိုကမ်းသည်။

ကိုယ်သူ့ကိုအကြိမ်ကြိမ်ပြောပါတယ်။ အလုပ်အတွက်နဲ့ စိတ်ဖိစီးမခံလေဖို့။ ဒါပေမဲ့ သည်လူက သူ့စကားဆို နားမထောင်ဘူး။ မဟုတ်ဘူး၊ နားမဝင်တာ။

မောပန်းနွမ်းလျစွာ ဆိုဖာနောက်မှီပေါ် ပက်လက်လန်နေတဲ့လူကို သူဒေါသထွက်မိသည်။ သူ့ကိုတစ်ချက်လေးမှဂရုမစိုက်၊ အဲ့သည့်အစား နှုတ်ခမ်းမှာပေနေတဲ့ရေတွေကို လက်ဖမိုးနဲ့ဆွဲသုတ်ပစ်၏။

သည်လူ့ကိုမှ မာမာထန်ထန်မပြောရက်တဲ့သူ့အဖို့ တရားကောတရားရဲ့လား။ ကိုယ်သူ့ကိုစိတ်ပူနေပေမဲ့ သူကတော့မသိချင်ယောင်ဆောင်သည်။ ဆူမို့နေတဲ့ဗိုက်ကိုလည်း အင်္ကျီကိုလှန်ထားသည်မို့ ချက်ဆူလေးကအစတွေ့ရ၏။

နောက်ဆုံးတော့လည်းစိတ်လျှော့ရသူက သူပါ။ မသိချင်ယောင်ဆောင်နေသောထိုလူ့ကို လက်ဖဝါးလေးမှထပ်လျက်အုပ်မိုးကိုင်ကာ ရင်ခွင်ထဲဆွဲသွင်းပစ်သည်။ ထိုမှသာသက်​သောင့်သက်သာဖြစ်မည့်အနေအထားကို ညှိယူ၍ ငြိမ်ငြိမ်လေးမှီတော့၏။

နိမိတ်ကသူ့နားထင်ဖျားကချွေးတွေကို နှုတ်ခမ်းတွေနဲ့ပွတ်သပ်ရင်းသုတ်ပေးသည်။ ခန္ဓာကိုယ်ပေါ်တွယ်ကပ်နေမဲ့ ချွေးစတွေကအစ သူသဝန်တိုရပါတယ်။ အဝတ်စတွေကတော့မဖြစ်မနေမို့သာပင်။

အသက်ရှူသံမှန်မှန်ဖြည့်မှေးနေတဲ့လူကိုငုံ့ကြည့်မိသည်။ ဆိတ်ငြိမ်နေသည်မှာထူးဆန်းလွန်းသည်မဟုတ်လား။

The Crown ✅Where stories live. Discover now