အခန်း ၁၈။

4.9K 477 45
                                    

[Unicode]

ပခုံးသားများအား မျက်နှာအပ်၍ ခဲငုံကာနမ်းရှုံ့ခြင်းအတွက် မဟာမြတ်သူက မျက်နှာအားတွန့်ချိုးကာနိုးလာခဲ့သည်။

" စောစောစီးစီးမင်းဘာဖြစ်နေလဲ "

" နိုးပြီလား "

" ဖယ်စမ်း ကျဥ်းကျဥ်းကျုံ့ကျုံ့နဲ့ ပွတ်သီးပွတ်သပ်တွေ "

တံတောင်နှင့်တွန်းဖယ်သော်လည်း နိမိတ်ကရွေ့မသွား။ skinship တာကိုမကြိုက်ဘူးဟုဆိုချင်သော်လည်း နိမိတ်အထိအတွေ့တွေကသူ့အတွက်ထူးဆန်းမနေပေ။ အသားကျနေပြီဖြစ်သောကိုယ်က ထိုသို့သော ပွတ်သပ်နေမှုတွေကို မသိစိတ်ကပင်ကျေနပ်နေချင်သယောင်။

စိမ်းဖန့်ကာ အနည်းငယ်စူးသော မုတ်ဆိတ်ခပ်တိုတိုက ပြီးခဲ့တဲ့ရက်တွေအတွင်းမှာနိမိတ်ရှိန်ဝါသည် ဖြစ်သလိုနေထိုင်ခဲ့သည်ဟုဆိုနေသယောင်။

" မင်းမုတ်ဆိတ်တွေမရိတ်ရသေးဘဲ လာမထိနဲ့ဆို "

" အရမ်းမရှည်သေးပါဘူး "

" စူးတယ်လို့ ပြီးတော့ယားတယ် "

မေးဖျားတွေနှင့် ပခုံးသားတွေကိုအတင်းပွတ်သပ်နေတာကြောင့် တွန့်လိမ်နေသော မဟာမြတ်သူက မြွေတစ်ကောင်လိုပင်။ နိမိတ်ကသူ့လက်ဖဝါးကြီးနှင့် မဟာမြတ်သူ၏ဝမ်းဗိုက်အားအုပ်မိုးကိုင်ထားပေးကာ ရုန်းနေသည့်ကြားကနေဂရုတစိုက်ဖြင့် အထိအခိုက်မခံပေ။

" မင်းဘယ်လိုဖြစ်နေလဲ "

" ချစ်တယ် "

" ဟင်! "

" မောင် ခင်ဗျားကိုချစ်တယ် "

သန်မာသောလက်မောင်းလုံးများက သူ့တစ်ကိုယ်လုံးအားရင်ခွင်ထဲဆွဲဖက်သိမ်းထားခဲ့ပြီး နားဖျားအားတတိတိနှင့် နမ်းရှုံ့နေခဲ့သည်။ စူးကာရင်ထဲတလှပ်လှပ်ဖြင့် ယားယံစေသော မုတ်ဆိတ်မွှေးများက နည်းနည်းလေးမှလျှော့မသွားခဲ့။

" ဘာလို့တိတ်သွားတာလဲ "

ပခုံးမှဆွဲလှည့်လို့ နိမိတ်သူ့ကိုမျက်နှာကိုမျက်နှာချင်းဆိုင်ကြည့်လျှင် မဟာမြတ်သူက မျက်ခုံးထိပ်တို့ထိစပ်အောင်တွန့်ချိုး၍ သူ့အားမော့ကြည့်နေတာဖြစ်သည်။

The Crown ✅Where stories live. Discover now