အခန်း ၁၀။

5.2K 446 8
                                    

Unicode

တစ်ကိုယ်လုံးကိုက်ခဲထုံကျင်စွာ ဦးခေါင်းထဲမှရိပ်တိပ်တိပ်မူးဝေနေခဲ့ပြီး ကိုင်ပေါက်ခံရသလိုကိုခံစားနေရသည်။ လက်ကိုအားယူထောက်ပြီး ထထိုင်မှ ကိုယ်ပေါ်တွင်တီရှပ်အင်္ကျီအပွကြီးရှိနေပြီး သူ့တစ်ကိုယ်လုံးအရိုးတွေပြုတ်ထွက်တော့မလိုပင်။

နိမိတ်ရှိန်ဝါက ဘယ်လိုသတ္တဝါလဲ။ သူ့တစ်ကိုယ်လုံးရစရာကိုမရှိ။ ဆင်းသွယ်နေတဲ့ပေါင်တံတွေမှာပါ အညိုပုပ်ရောင်လှိုင်းတွေထနေသည်မို့ တွေးရင်းဒေါသထွက်လာရသည်။

" နိုးပြီလား "

" အင်း..! "

ဆောင့်အောင့်ပြီးပြန်ဖြေလာတဲ့လူကြောင့် ဟွန်းခနဲမသိမသာရယ်ပြီးမှ လက်ထဲကအဝတ်တွေကို ဆိုဖာပေါ်သွားတင်ပေးရသည်။ ကတိုးနံ့လှိုင်နေတဲ့အခန်းဖြစ်နေပြီမို့ ပြတင်းပေါက်တွေလှပ်ပေးရင်း လေအေးပေးစက်ကိုဖွင့်လိုက်​ပြီး ဆိုဖာပေါ်ကစောင်တွေနဲ့ အခင်းတွေကိုလုံးထွေးပစ်လိုက်ပြီး အခန်းထောင့်မှာထားရချေ၏။

" အဝတ်အစားလဲတော့ သွားမယ် "

" ငါဗိုက်ဆာတယ် "

နီဆွေးဆွေး အသားအရည်ပေါ် လည်ပိတ်ဆွယ်တာကိုဆွဲချလိုက်ပြီးတော့မှ တစ်ကိုယ်လုံးအထုပ်လေးလိုလုံသွားသည့်လူသည် မျက်နှာလေးနွမ်းနေရှာသည်။

" အပြန်ကျဆိုင်မှာဝင်စားမယ် "

" အမ့်.. "

ဘောင်းဘီရှည်ကြီးကောက်စွပ်ပြီးတော့မှ တီရှပ်လက်ရှည်ကိုနိမိတ်လက်ထဲလာထည့်ပေးလေသည်။ ထို့နောက်တော့မျက်နှာလေးမဲ့တဲ့တဲ့ဖြင့် နိမိတ်ပြန်ပြင်ထားသည့် ဆိုဖာပေါ်တွင်ထိုင်ချေ၏။

" သွားမယ်လေ "

" ငါနေရတာနုံးနေတယ် နိမိတ် "

" ဘာဖြစ်လို့လဲ "

" မသိဘူး ရင်ဘတ်ထဲကမအီမသာနဲ့ "

နိမိတ်ကသူ့ဘေးနားမှာလှစ်ခနဲဝင်ထိုင်ပြီးတော့ ကျောကိုသပ်ပေးဖို့ပြင်လျှင် ပခုံးတွန့်သွားတဲ့လူကြောင့် သူ့လက်တွေတန့်သွားချေ၏။

" အန်ချင်လို့လား "

" အန်ချင်ပေမဲ့ အန်ထွက်မယ်မထင်ပါဘူး "

The Crown ✅Where stories live. Discover now