အခန်း ၃၀။

5.9K 433 35
                                    

Unicode

မဟာမြတ်သူက ဆေးရုံကုတင်ပေါ်၌ ဆူမို့မို့ဗိုက်အားအုပ်ကိုင်၍ထိုင်နေသည်။ ခွဲမွေးမယ့်ရက်ကလိုသေးတယ်ဆိုပေမဲ့ အရေးနှယ်၊အကြောင်းဟယ်ဆိုရင် အလောတကြီးနဲ့ပြာယာမခတ်ရလေအောင် ဆေးရုံသို့ခေါ်ထားတာဖြစ်၏။

သာမန်ပုဂ္ဂလိကဆေးရုံမှာမွေးမှာဆိုတော့ သူတို့အခန်းရှေ့ဖြတ်လျှောက်တဲ့လူကလည်းမနည်းပေ။ နိမိတ်ကိုတောင်နှုတ်ဆက်ချင်နေကြကာ နိမိတ်ကခပ်တည်တည်နေတာကြောင့်ပဲ ခပ်တန်းတန်းဖြစ်နေကြ၏။

" ဘေဘီမဟာမြတ်သူ "

သူနာပြုမလေးက အခန်းတံခါးဖွင့်ကာဝင်လာပြီးခေါ်လျှင် နိမိတ်မျက်နှာကပုပ်သိုးနေသည်။ ဆေးရုံစတက်လို့ ဖောင်မှာမဟာမြတ်သူဆိုပြီးထည့်လိုက်တည်းက ဒီကလေးမတွေကသူ့အမျိုးသားကို ဘေဘီတပ်ခေါ်နေကြပြီဖြစ်သည်။

သိပ်တော့မကြိုက်ချင်လှသော်လည်း ဆေးရုံမွေးခန်းရှေ့ဆို လူနာအမျိုးသမီးကိုဘေဘီတပ်ခေါ်တာမျိုးကြားဖူးတာကြောင့် သူငြင်းလို့လည်းမရပါ။

ဆရာမလေးကမဟာမြတ်သူအား သွေးပေါင်ချိန်၍ တစ်ခုချင်းစစ်မေးပြီးမှ ထွက်သွားတော့သည်။

" မင်းမျက်နှာကြီးကဘာကိစ္စဆူပုပ်နေတာလဲ "

" အဲ့ဒီဆူပုပ်နေတဲ့မျက်နှာကို ခင်ဗျားဆေးရုံက မဆင်းမချင်းမြင်ရတော့မှာ "

မကျေနပ်တဲ့လေသံနှင့် မျက်မှောင်ကြီးကျုံ့ကာ​ပြောလာတာကြောင့် မဟာမြတ်သူကခွိခနဲရယ်သည်။ တစ်စက်မှလည်းကြည့်မလှဘဲ ဘာလို့များအဲ့လိုကြီးလုပ်ပြနေလည်းမပြောတတ်။

" မောင် မင်းမျက်နှာကြီးရုပ်ဆိုးတယ် "

" ဘာဗျ ခင်ဗျားယောက်ျားလောက် ခန့်ချောတဲ့ကောင်မျိုး ဒီလောကတော့မရှိတော့ဘူး ကိုယ့်လူ "

ကိုယ့်ကိုယ်ကိုယ်အမွှန်းတင်နေသောဒီကောင်ကြောင့် ဆေးရုံကုတင်ပေါ်ထိုင်နေရာကနေ သူရယ်မိတော့သည်။ နိမိတ်ရှိန်ဝါမှာဒီလိုမျိုးဘက်ခြမ်းရှိမယ်လို့ မထင်ခဲ့တာပါ။ သူများအပေါ်ပိုင်စိုးပိုင်နင်းနဲ့ တင်စီးပြီး မာနကြီးတဲ့ကောင်လို့ပဲသူထင်ခဲ့တာ။

The Crown ✅Where stories live. Discover now