အခန်း ၂၅။

4.4K 370 43
                                    

Unicode

နိမိတ်က ပျော့ခွေနေသည့် သူ့တစ်ကိုယ်လုံးကို ပွေ့ချီကာဆေးရုံထဲသို့ပြေးဝင်သွားသည်။

" ဒေါက်တာ ဒေါက်တာ ဒီကိုတစ်ချက်ကြည့်ပေးပါ "

ပြနေကျဆေးရုံမဟုတ်ဘဲ နီးနီးနားနားက ပုဂ္ဂလိကဆေးရုံဖြစ်သည်မို့ မျက်နှာစိမ်းသက်သော်လည်း နိမိတ်နှင့်သူ့လက်ထဲကအမျိုးသားကိုတော့ လူတိုင်းကသိကြသည်။

အမှန်တော့ဒီလိုpublic area မျိုးမှာ သတင်းစာရှင်းလင်းပွဲပြီးပြီးချင်းလှုပ်လှုပ်ရှားရှားဖြစ်အောင် ခေါ်လာလို့မရဘူးသိပေမဲ့ စိုးရိမ်စိတ်ပူစိတ်ကမြင့်တက်နေတာဖြစ်သည်။

သတိလစ်နေသည့်ကိုယ်ကို ဆေးရုံကုတင်ပေါ်တင်ပေးပြီးတာနှင့် ကုတင်ခြေရင်းတွင်သာငြိမ်သက်၍ကြည့်နေလိုက်သည်။

မဟာမြတ်သူကဖျော့တော့နေကာ ယဲ့ယဲ့လေးရှူရှိုက်သည့်လေသံကအစကြားနေရသည်မို့ တစ်ကိုယ်လုံးတုန်ယင်သည်အထိကိုစိတ်ပူသည်။ စမ်းသပ်ခန်းထဲကသူမထွက်ဖြစ်ခဲ့။ ထိုလူ့ဘေးတွင်အလုပ်ရှုပ်နေသည့်ဆရာဝန်တွေကြားမှာ ခပ်နွမ်းနွမ်းဖြစ်နေသည့် မင်းသားမျက်နှာကိုသာကြည့်နေသည်။

ပါးလှပ်သွားသောအချိန်တွင် ဆရာဝန်ကနိမိတ်ပခုံးကနေ ကိုင်ကာအခန်းအပြင်ကိုခေါ်ထုတ်သွားလေသည်။

" မစိုးရိမ်ပါနဲ့ ပင်ပန်းလွန်းတဲ့ဒဏ်ကြောင့် သတိလစ်သွားတာပါ။ လူအုပ်ကြားထဲ အသက်ရှူကျပ် ​လှောင်မွန်းပြီး အရင်အလုပ်ဒဏ်တွေလည်းပြန်ဖိလာတာ။ "

" သူဘယ်တော့ပြန်သတိရမလဲ "

" အိပ်ဆေးထိုးပေးထားတော့ ဒီတစ်ညလုံးသူနှစ်နှစ်ခြိုက်ခြိုက်အိပ်နေလိမ့်မယ်။ သူ့အတွက်လိုအပ်တာလေးတွေသွားယူထားပေါ့ "

ဒေါက်တာလှည့်ထွက်သွားတာနဲ့ အနားကိုမဟာမြတ်သူ၏အတွင်းရေးမှူးဖြစ်သည့် စိမ်းကတိုးလာသည်။

" ကိုနိမိတ် အပြင်မှာ သတင်းထောက်တွေ​ရောက်နေပြီ "

" ကျစ်! စောက်ကြွက်လိုဟာတွေ အစ​လေးရတာနဲ့ တွင်းထဲကထွက်လာကြတာ အကုန်မောင်းထုတ်ပစ်လိုက်! "

The Crown ✅Where stories live. Discover now