အခန်း ၉။ ⚠

6.5K 398 12
                                    

Unicode

အခန်းတံခါးမခေါက်ဘဲဝင်လာတဲ့သူကြောင့် နိမိတ်ကိုသူဆောင့်တွန်းလိုက်ပြီး ဆိုဖာပေါ်မှာခပ်မတ်မတ်ထိုင်လိုက်သည်။

" အဟမ့်! "

မဟူရာက အသံမပြုဘဲဝင်လာတာတောင်မှားပြီဟုထင်ကာ ကြောင်အမ်းစွာဖြင့် မျက်စောင်းထိုးဆိုဖာတွင်ဝင်ထိုင်လိုက်ချေ၏။ ထို့နောက်လက်ထဲကရေနှင့်ဆေးကို နိမိတ်လက်ထဲသို့ကမ်းထည့်ပေးလေသည်။

" အကိုက်အခဲပျောက်ဆေး သောက်ထား "

" အင်း "

စိတ်မကြည်သည့်အသံနှင့်တုံ့ပြန်သည့်လူကြောင့် မဟူရာကမျက်ခုံးတစ်ဖက်ပင့်မိကာ မသိချင်ယောင်ဆောင်၍ ခပ်မတ်မတ်ထိုင်နေသည့် မင်းသားကိုခိုးကြည့်လိုက်လေသည်။

မျက်နှာတစ်ပြင်လုံးရဲတွတ်နေပြီး မျက်ဝန်းတွေဂဏာမငြိမ်ချင်ကာ လက်နှစ်ဖက်ကိုလိမ်တင်နေသည်ကြောင့် ဒီလူရှက်နေသည်ကိုသိကာ ဒီလိုမြင်ရတဲ့သူ့အဖို့ကတော့ အထူးအဆန်းမဟုတ်။ သို့သော်တစ်ဖက်လူက တော်ဝင်မင်းသားဖြစ်နေလို့ အိုးတို့အမ်းတမ်းဖြစ်ရသည်မဟုတ်လား။

ထို့နောက် လက်တွေကိုဟိုဆန့်သည်ဆန့်ဖြင့်သာ ထွက်လာခဲ့လိုက်တော့လေသည်။

ဟူးခနဲသက်ပြင်းမှုတ်ချကာ မတ်ထိုင်နေရာမှ ခါးလေးကုန်းကျသွားသူကြောင့် ဆေးလုံးကိုရေနှင့်မျှောချနေရာမှသူပြုံးမိသေးသည်။

မဟာမြတ်သူကလုံးဝမထင်ရ။ သိပ်အရှက်အကြောက်ကြီးတာပဲ။

ခပ်ကုတ်ကုတ်လေးဆိုဖာထောင့်ကပ်နေသည့်လူက သူစိုက်ကြည့်နေတာကိုခံစားမိလျှင် မျက်မှောင်ကြီးကျုံ့ကာ လှည့်ကြည့်လာလေသည်။ မျက်နှာထားက အူတိအူကြောင်နိုင်ကာ ကလေးမျက်နှာလေးဖြစ်သွားသည်မို့ သူရယ်မိသည်အထိ။ ထိုသို့ရယ်တော့ မျက်လုံးကြီးပြူးကာ လူကိုဒေါသတကြီးကြည့်လာသည်။

" မင်းနည်းနည်းပါးပါးဆင်ခြင်လို့မရဘူးလား "

" သူတံခါးမခေါက်ဘဲဝင်လာတာလေ ၊ ကျုပ်နဲ့ဘာဆိုင်လဲ "

" ကျစ်! ပြန်မယ် "

" ဒီညဒီမှာအိပ်မယ် "

" မအိပ်ချင်ဘူး ဘာလို့အိပ်မှာလဲ လမ်းထိပ်မှာစောင့်လည်း ရဲခေါ်ရှင်းခိုင်းလိုက် "

The Crown ✅Where stories live. Discover now