အခန်း ၂၇။

4.9K 446 51
                                    

Unicode

" အကိုလေး "

ကိုသိန်းထွဋ်က ရေချိုးဆောင်ထဲထိဝင်လာပြီးတော့ နိမိတ်ကိုခေါ်တာဖြစ်သည်။ လက်ဝှေ့ရုံရဲ့ တခြားကစားသမားတွေအတွက် ဆောက်ထားတဲ့ရေချိုးရုံမို့လို့ ရေပန်းများကို တောက်လျှောက်စီထားကာ နိမိတ်ရေချိုးနေသည့်ဘေးတွင်လည်း ကောင်လေးနှစ်ယောက်ကရေချိုးနေသည်။

နိမိတ်ကသိန်းထွဋ်ဝင်လာတုန်းမှာ သူ့တင်ပါးညိုတွေပေါ် ပွတ်သပ်ဆေးကြောနေတာဖြစ်သည်။

" ဘာဖြစ်လို့လဲ သိန်းထွဋ် "

" အကိုကြီးက သူ့အစား တွေ့ဆုံပွဲတက်ပေးပါဦးတဲ့ "

" မဟူရာကလား ဒီကောင်ဘာဖြစ်လို့တဲ့လဲ "

" သူဌေးဘောစိက ဒီနေ့မှအကိုကြီးအိမ်ပြန်မလာရင် အိမ်ဝတောင်မနင်းနဲ့ပြောလိုက်လို့ပါ "

" သူဌေးဘောစိက.. "

" ကိုမိုးသားအိမ်ဖွဲ့ပါ "

နိမိတ်က တသောသောနေအောင်ကိုထရယ်သည်။ ဒီကောင့်မှာဒီလိုကြောက်ရမယ့်အချိန် ရှိလာပါလိမ့်မယ်လို့ တစ်သက်နဲ့တစ်ကိုယ်ထင်တောင်မထင်ထားခဲ့။ မဟူရာသည် သူနဲ့ဝေးကွာတဲ့နှစ်များမှာ အကြိုက်ကောအချိုးကောအပြင် ကြောက်တတ်တဲ့အရာတွေပါပြောင်းသွားချေပြီဖြစ်၏။

" အဆင်သင့်ပြင်ထား ကိုယ်ပြီးရင်ထွက်ခဲ့မယ် "

နိမိတ်က သူ့ချိုင်းကြားကိုပွတ်သပ်ပြီးနောက် ရေပန်းကိုဖွင့်ချကာ ဆပ်ပြာမြှုပ်တွေကို ရေမျောစေသည်။ ခြေသလုံးကျစ်ကျစ်များ ပေါင်လုံးကျစ်ကျစ်များနှင့် လိမ်ကောက်နေသည့်အမွှေးမျှင်တို့က သူ့ခြေသလုံးတွင် ညှို့နေအောင်ရှိသည်။ နောက်တော့ထိုမပြောအပ်သည့်နေရာသည်လည်း ညှိုးငယ်စွာပင် ငြိမ်ငြိမ်လေးရှိနေချေ၏။

" ဟုတ်ကဲ့ အကိုလေး "

သိန်းထွဋ်ထွက်သွားပြီးသိပ်မကြာခင် နိမိတ်ကသဘတ်ပိုင်းကိုခါးတွင်ပတ်ကာ ရေချိုးခန်းထဲကထွက်လာသည်။

စံအိမ်မှာမနေဘဲ အပြင်မှာထွက်နေပေမဲ့ ထိုအမျိုးသားကိုလွမ်းတဲ့စိတ်ကတစ်ထစ်မှလျှော့ချ၍မရ။ ဒီနေ့ညနေပဲပြန်ချော့ကြည့်ဖို့စဥ်းစားထားပေမဲ့ မဟူရာ့အလုပ်ကိုသွားပေးရဦးမည်။ ညသန်းခေါင်လောက်မှ အရက်ကို အာနည်းနည်းစွတ်ပြီး အိပ်ရာထဲအတင်းဝင်လုံးလို့လည်း နောက်မကျသေးပါ။

The Crown ✅Where stories live. Discover now