အခန်း ၁၃။ ⚠

6.7K 424 29
                                    

Unicode

ကျဆင်းနေသောအပူချိန်သည် သူ့ရင်တွင်း၌မဟုတ်တန်ရာ။ ဦးဏှောက်သွေးကြောများအား ဆုပ်ကိုင်ခံထားသည့်နှယ် အံကိုတင်းတင်းကြိတ်ရင်း အသက်ရှူသံတွေ လှိုက်မောမြန်ဆန်နေချေ၏။ တကယ်ဆိုခွေချလှဲပစ်လိုက်ချင်ပြီ။ သို့သော်လည်း ခြေလှမ်းတွေကိုမယိုင်သွားအောင် အားတင်းယူပြီးမှ ဖြေးဖြေးမှန်မှန်တွဲလျှောက်နေဆဲ။

" နိမိတ်ဆီ အင်း... ကိုယ့်ကို နိမိတ်ဆီခေါ်သွားပေးပါ "

တိုးဖွအက်ကွဲသောအသံသည် တစ်ကိုယ်စာကြားဖို့လုံလောက်နေခဲ့ပေမဲ့ မဟာမြတ်သူ၏ နားထင်စပ်နားတွင် ချွေးစေးများစီးကျနေကာ အတော်ပင်မောဟိုက်နေပုံရပါသည်။

" ဟို ဘယ်ကို စီစီဘယ်ကိုပို့ပေးရမလဲ "

" နိမိတ်ဆီ... "

" ဂျက်စီကာ "

" ဘုရားမတာပဲ လာ လာ နိမိတ် ဒီကိုလာ "

စံအိမ်ကြီးထဲသို့မင်းသားကိုရွှေ့ပေးဖို့သူတွဲကူနေပေမဲ့ ခရီးကထင်သလောက်မရောက်။ သုံးလေးလှမ်းနဲ့တင် မဟာမြတ်သူကပိုဆိုးလာသည်ဟု စီစီကိုယ်တိုင်ပင်ခံစားနေရသည်။ နောက်ပြီးသူ့အား နိမိတ်ဆီကိုခေါ်သွားပေးဖို့ပြောသည်မို့ စီစီကနိမိတ်ဘယ်မှာလဲဆိုတာကိုမသိပေ။

အခုတော့နိမိတ်က စံအိမ်ကြီး၏ အနောက်ဖက်နားလောက်ကနေ ထွက်လာကာ သူ့လက်ထဲကမဟာမြတ်သူကို ဆတ်ခနဲပွေ့ချီပစ်၏။

" ကျေးဇူးပဲ "

" ရ ရတယ် မင်းသားနေမကောင်းဘူးထင်တယ် "

သူပြောနေပေမဲ့ နိမိတ်ကသူ့ကိုဂရုမစိုက်ဘဲ စိုးရိမ်စိတ်ကြီးစွာဖြင့် ရင်ခွင်တွင်းကလူသားကို မျက်မှောင်ကြီးကျုံ့၍ ငုံ့ကြည့်နေတာဖြစ်သည်။ ဒီကောင်ကိုနားရောဝင်ရဲ့လားမသိ။ အာရုံရှိပုံလည်းမပေါ်။

" နေသာရဲ့လား "

" ဟင့်အင်း..! ခေါ်သွား ငါ့ကိုခေါ်သွား "

" အင်း အင်း ကျုပ်ခင်ဗျားကို ခေါ်သွားပေးမယ် "

ချာခနဲလှည့်ထွက်ကာ မဟာမြတ်သူကိုပွေ့လျက်သားပင် နိမိတ်သစ်တောဝန်းထဲသို့ လမ်းသွယ်လေးမှ တိုးလျှိုးဝင်သွားတော့သည်။

The Crown ✅Where stories live. Discover now