အခန်း ၁၉။

5K 413 32
                                    

Unicode

" ရေခဲမုန့်တွေခိုးမစားပါနဲ့လို့ မောင် ခင်ဗျားကိုဘယ်နှခါပြောရမလဲ "

" ဘယ် ဘယ်မှာခိုးစားလို့လဲ "

နိမိတ်ပင့်သက်ရှိုက်ရင်းနဲ့ တက်နင်းမိထားသည့် ဆိုဖာအောက်စေးကပ်ကပ် အရည်ပျော်တွေကို ငုံ့ကြည့်လိုက်သည်။

" ခိုးစားတာဆိုလည်း လူမသိအောင်စားလေ ဧည့်ခန်းတစ်ခုလုံးပေချွဲနေပြီ "

" ငါမစားဘူးဆို! "

မျက်ဝန်းစူးတွေနဲ့ နှာမှုတ်ကာ တရှူးရှူးတရှဲရှဲဖြစ်နေသူက နိမိတ်ကိုခပ်စောင်းစောင်းကြည့်နေတာဖြစ်သည်။

ရေခဲမုန့်ကခိုးစားတာမဟုတ်။ သည်အတိုင်းအချိုငတ်လို့ တစ်ခွက်တလေယူစားမိတာဖြစ်သည်။ သူမသိလိုက်တာနဲ့ပဲ ကိုယ်ကခိုးစားတယ်ဖြစ်ရောလား။

" အဲ့သည့် အချိန်ပြည့်တိုက်ခိုက်တဲ့ကားတွေပဲကြည့်နေတာ ခင်ဗျားဟုတ်ကောဟုတ်သေးလား "

မဟာမြတ်သူက အတော်ကိုထူးဆန်းနေတာဖြစ်သည်။ သရေစာမကြိုက်တဲ့သူက ရေခဲမုန့်တွေစားလာသည်။ action movie တွေကိုအားတဲ့အချိန်တိုင်းမှာထိုင်ကြည့်တတ်သည်။ ဘယ်တော့မှနားတယ်ရယ်လို့မရှိ အစားကိုတတွတ်တွတ်စားနေတတ်သေး၏။

" ဦးတင့်ထွန်းက မနက်ဖြန်လာမယ်ပြောတယ်မဟုတ်လား ဟာ နောက်တစ်ဘူးကဘယ်ကသွားယူလာပြန်တာလဲ တော်တော့ ဒီကိုပေး "

" ဟာ! ​ငါစားနေတယ်လေ ဘာလုပ်တာလဲ! "

နိမိတ်သူ့ကိုဆရာဝန်ရက်ချိန်းအတွက်မေးနေတာဖြစ်သော်လည်း သူ့လက်ထဲမှာဘယ်တုန်းကရောက်သွားမှန်းမသိတဲ့ ရေခဲမုန့်ဘူးကအခန့်သားပြောင်ပြနေတာဖြစ်သည်။ သည်လူတော့ကိုယ်ဝန်ကြီးနဲ့ချွဲကျပ်သေချင်လို့ အစားအသောက်ကိုနည်းနည်းမှမရှောင်ပေ။

" တော်ပြီလို့ ခင်ဗျားဘယ်နှဘူးရှိနေပြီလဲ "

" ကျစ်! မင်းစောက်ပူပါလို့လား "

လက်ထဲက နှစ်ဇွန်းလောက်စားထားသည့် ရေခဲမုန့်ဘူးကိုလိုက်လုပြန်သည်မို့ နောက်ကိုတိုးဆုတ်တော့ တရှူးရှူးနဲ့ ဒေါသထွက်ပြသည်။ ဖွာကျဲနေတဲ့ဆံပင်တွေကအရင်လိုစမတ်ကျတဲ့လူငယ်မဟုတ်တော့ဘဲ ပေတိပေစုတ်ဆယ်ကျော်သက်လေးလို။ ဖောင်းကစ်လာတဲ့ပါးများနှင့် အနည်းငယ်ပိုပြည့်လာသည့် လက်မောင်းတွေကလည်း သူဝလာတာကိုသိသာစေသည်။

The Crown ✅Where stories live. Discover now