အခန်း ၆။

5.4K 402 11
                                    

Unicode

တစ်ကိုယ်လုံးထုံကျင်ကိုက်ခဲနေသည်မှာ ကိုင်ပေါက်ခံထားရသည့်လူနှယ်။ အာခေါင်တွေပင်အက်ကွဲခြောက်သွေ့၍ မျက်ဝန်းတွေကလည်းကျိန်းစပ်နေချေသည်။ အလင်းရောင်တောင်မပေါ်သေးသည့် အချိန်မို့ သန်းခေါင်ကျော်ပဲရှိဦးမည်ဆိုတာကိုသူသိသည်။

သူ့တစ်ကိုယ်လုံးအား ဖက်ထားသည့်လူ၏လက်မောင်းတွေကို စမ်းကိုင်လိုက်လျှင် နွေးနေသည့်အပူချိန်ကိုခံစားမိသည်။

ဒီကောင်နိမိတ်ရှိန်ဝါ ဆေးမသောက်ဘဲ သရမ်းလိုက်ရုံနဲ့ အဖျားကျသည် ဆိုတာအတော်ပင်အံ့သြစရာကောင်းလှသည်။

ထို့နောက် သူ့လက်မောင်းကြီးတွေထဲကရုန်းထွက်ကာ သန်းခေါင်ကျော်ကြီးရေချိုးခန်းဝင်ရသည်။ ဆောင်းဝင်တော့မည်မို့ အအေးဓာတ်စိမ့်ဝင်လာပြီဖြစ်ကာ ရေအေးနှင့်သန့်ရှင်းရေးမလုပ်ရဲသူသည် ရေပူရေအေး ဖျောစပ်ရသည်။

ထို့နောက် အနေတော်နွေးသည့်bathtube ထဲဝင်ထိုင်ကာ နီရဲပုပ်စပ်နေသည့်သူ့တစ်ကိုယ်လုံးကို သန့်ရှင်းရေးလုပ်ရချေ၏။

ကျောလှန်မှီချလိုက်ရင်းမှ သူပင့်သက်တစ်ချက်ရှိုက်လိုက်သည်။

ဘာတွေလွဲမှားနေသလဲသူမသိပါ။ ဂုဏ်သိက္ခာနဲ့ပတ်သတ်ပြီး အတော်ကိုအထိမခံဖြစ်တဲ့သူက နိမိတ်ရှိန်ဝါနဲ့မှ ဆဲနည်း​ပေါင်းစုံ၊ ဒေါသထွက်နည်းပေါင်းစုံနဲ့ ဂုဏ်ပုဒ်တွေကျသည်။ အခုလိုမျိုး သူ့အားလုပ်တိုင်းလည်း ဒေါသထွက်ချင်ပေမဲ့ သာယာတတ်သည့်ကိုယ်ခန္ဓာကြောင့် ရှက်စိတ်သာဖြစ်ရသည်။

သူကိုယ်တိုင်ကိုက နိမိတ်ရှိန်ဝါရဲ့အထိအတွေ့အတိုင်းကို ဆတ်ဆတ်ထိမခံနိုင်ရအောင် တုံ့ပြန်မိနေတာမဟုတ်လား။ စဥ်းစားရကျပ်သည့် အဖြေမရှိမေးခွန်းတွေကို ထုတ်နေမိသည်ဟုပင်ခံစားရချေသည်။

နာရီဝက်လောက်ကြာမှ bathtube ထဲက ထလိုက်ပြီး bathrobe တစ်ထည်ကိုခါးစည်းကြိုးချည်ကာပတ်ထားလိုက်သည်။ အိပ်ရာပေါ်မှာနိမိတ်ကအိပ်ပျော်နေဆဲ။ စားပွဲပေါ်ကနာရီကိုကြည့်တော့ မနက် ၅ နာရီ။

အိပ်ရာနားက​ပ်သွားတာနဲ့ ကတိုးနံ့လှိုင်လာသည်မို့ နှာခေါင်းတစ်ချက်ရှုံ့ကာ အိပ်ပျော်နေသူကိုမျက်စောင်းထိုးကြည့်လိုက်သည်။ ထို့နောက် အဝတ်တစ်စုံထုတ်ယူ၍ တခြားအိပ်ခန်းဆောင်ဘက်သို့ထွက်သွားချေတော့၏။

The Crown ✅Where stories live. Discover now