အခန်း ၅။ ⚠

7.2K 455 2
                                    

Unicode

" သူဌေး ပြင်သစ်သွားမယ့်ခရီးစဥ် "

" ဖျက်လိုက်တော့ ! အလုပ်တွေအကုန် အိမ်ကိုပို့လိုက် ၊ မင်းသားရဲ့ တိုက်ခန်းတွေအကုန်လူတင်ထား ၊ လွတ်နေတဲ့ မြို့ထဲကလုံးချင်းအိမ်ရာတွေအကုန် ရောင်းထွက်တာဖြစ်ဖြစ်၊ ငှားရမ်းတာဖြစ်ဖြစ်ကြားချင်တယ် "

နိမိတ်ကိုယ်တွင်အဝတ်ဗလာဖြင့်ခါးတွင်တဘတ်တစ်ထည်သာရှိနေသည်။ ရေချိုးဖို့ပြင်နေတုန်းမှ ဖုန်းဝင်လာတာကြောင့် သူဖုန်းပြောနေရတာဖြစ်သည်။

သူသိသည်။ မဟာမြတ်သူကမနက်ရောက်တာနဲ့ စံအိမ်ကနေ condo ကတိုက်ခန်းတစ်ခန်းကိုရွှေ့လိမ့်မယ်။ သူ့အနေနဲ့ဒီအခြေအနေတွင် လူမသိသူမသိ မုဆိုးဖိုတော့မဖြစ်သွားချင်ပါချေ။

မဟာမြတ်သူက သူနဲ့စပြီးအဆင်မပြေဖြစ်ကတည်းက fashion design နဲ့ brand ဘက်ကိုပဲအာရုံပေးထားသည်။ ကျန်ရှိတဲ့ technology ပိုင်း Hotel နှင့်ခရီးသွားဝန်ဆောင်မှုအပြင် တခြားသောလုပ်ငန်းပေါင်းများစွာကိုပစ်ချထားခဲ့သည်။

ဒီနှစ်နွေရာသီဖက်ရှင်အတွက် အတင်းလုံးပန်းချင်နေပုံပေါ်ကာ No 1 clothing brand နေရာမှာရှိချင်ပုံရသည်။ ဒါ့ကြောင့်မို့တခြားနေရာတွေကိုတော့ မယိမ်းယိုင်သွားသရွေ့သူလွှတ်ထားဦးမည်။ ထိုသို့လွှတ်ထားနိုင်သည်မှာလည်း ဧကရာဇ်က နိမိတ်ကိုလုပ်ငန်းစုအတွက်အပြည့်အဝလုပ်ပိုင်ခွင့်တွေပေးထားသည်မို့ နောက်ကွယ်ကနေ ကာကွယ်ပေးနေတာဖြစ်သည်။ မဟာမြတ်သူမသိတာကလွဲလို့ပေါ့။

ဒါ့ကြောင့်လည်း နိမိတ်က မဟာမြတ်သူလှည့်မကြည့်တဲ့လုပ်ငန်းစုတွေကို ကိုယ်ပိုင်လိုပင်သဘောထား၍ တိုးတက်ဖို့အတွက် ​အစွမ်းကုန်လိုက်ကြည့်နေခဲ့ရသည်သာ။

" RAW ကကော အဆင်ပြေရဲ့လား ဘာသတင်းတွေတက်လာသေးလဲ "

" ပြေပါတယ်သူဌေး၊ စက္ကန့်ပိုင်းအတွင်းတက်လာတဲ့ post နှစ်ခုတက်လာပြီး စက္ကန့်ပိုင်းအတွင်းပဲဖြုတ်ချနိုင်ခဲ့ပါတယ် ကြည့်ရတာ အနီးအနားက villa မှာနေကြတဲ့လူတွေဖြစ်မယ် "

" ကောင်းပြီ ကျန်တာဧကရာဇ်လုပ်လိမ့်မယ် "

ဖုန်းကျသွားတာနဲ့ နိမိတ်ဖုန်းကိုမွေ့ရာပေါ်မှာပစ်တင်လိုက်သည်။ ရေချိုးမလို့ဆိုသော်ငြား လက်ကဒဏ်ရာကိုသတိရသွားလျှင် စေ့စေ့ငုံ့ကြည့်ရင်း မျက်ဝန်းတွေနက်မှောင်ကုန်သည်။ ပြောရရင် သူ့ဒေါသအရှင်းသေသေးတာမဟုတ်။ တွေးတိုင်းမှာဒေါသထွက်သည်။ သို့သော် သူ့ကိုယ်သူဘာကိုဒေါသထွက်မှန်းပင်မသိ။ အနည်းငယ်ထွေးရှုပ်ချင်တဲ့ သူ့အသိအာရုံသည် စိတ်ပူတာတော့အမှန်ပင်။

The Crown ✅Where stories live. Discover now