အခန်း ၈။

4.7K 370 4
                                    

Unicode

အရှိန်မှန်မှန်နှင့်ခုန်လှုပ်နေသည့်ရင်ခုန်သံကို သူဂရုတစိုက်နားထောင်နေမိသည်။ ဒုတ်ခနဲမြည်တိုင်းမှာ စီးချက်ကျသည့်တေးသံကိုနားဆင်လိုက်ရသလိုပင်ခံစားရချေ၏။

" ဖယ်စမ်း...! "

အမောပြေသွားသူက သူ့ကိုယ်ကြီးကိုတွန်းဖယ်လျှင် အလိုက်တသိပင်ဘေးသို့လှဲချပေးလိုက်တော့၏။

အသက်ကိုပြင်းပြင်းရှူကာ ဟောဟဲလိုက်နေသူက သူ့အားမျက်စောင်းရွယ်၍ ခပ်စူးစူးကြည့်ချေသည်။ အလိုမကျခြင်း၊ စိတ်တိုခြင်းနှင့် နှဖူးတွင်နိမိတ်ကိုအမြင်ကတ်တယ် ဟု စာတန်းရေးထားမတတ်သော မျက်နှာထားနှင့် ပုံစံကသူ့အားစိစိညက်ညက်ကြေအောင် အမှုန့်ချေချင်သလို။

ထို့နောက် ကောက်ခါငင်ကာထထိုင်လိုက်ပြီး ကုတင်ပေါ်က ဆင်းချေသည်။ အခန်းပြင်သို့ရှေးရှူထွက်သွားသည်မို့ နိမိတ်ကပါအခန်းထဲကထွက်ကာလိုက်ရချေ၏။  အိမ်အနောက်ဖက်မှာကျန်ခဲ့သည့် စာရွက်စာတမ်းများနှင့် laptop ကိုယူပြီးအိမ်ရှေ့ပြန်ထွက်သွားသည်မို့ နောက်ကလိုက်ရင်း အိမ်လေးဆီမှပြန်လာခဲ့ကြလေသည်။

စိမ်းစိုသည့်တောအုပ်လေးထဲ အမှောင်အနည်းငယ်စွက်နေပြီမို့ ၇ နာရီကျော်ဆိုသောအချိန်သည် လမ်းကိုပင်သဲသဲကွဲကွဲမမြင်ရပါချေ။

အရှေ့မှကော့တော့ကော့တော့နှင့်လျှောက်နေသည့်လူနောက် သူတောက်လျှောက်လိုက်ရင်း မြေမညီသည့်လမ်းတွင် ဘယ်တော့ချော်ကျမလဲ သတိထားကြည့်နေရသည်။ သို့သော် ခြေလှမ်းကိုအရှိန်တင်ထားသောသူသည် နည်းနည်းမှလျှော့မည့်ပုံမပေါ်ပေ။

သူထင်သည့်အတိုင်းပင် မဟာမြတ်သူခမျာ သစ်ငုတ်ကိုခြေခလုတ်တိုက်၍ ရှေ့သို့ဟပ်ထိုးမှောက်ကျသွားချေ၏။

လက်ထဲမှစာရွက်များထည့်ထားသည့်ဖိုင်သည် ခပ်ဝေးဝေးတွင် ဘုတ်ခနဲကျသွားပြီး laptop ကတော့ကံကောင်းထောက်မစွာပင် သူ့ရင်ခွင်ထဲပိုက်လျက်သားဖြစ်၏။

လက်မောင်းကနေဆွဲလို့ မျက်နှာချင်းဆိုင်စေတော့ မဟာမြတ်သူကခြေချင်းဝတ်ကိုခပ်ဖွဖွဖိပွတ်ကာ သူ့အားအကြည့်တစ်ချက်မျှပေးမလာပေ။

The Crown ✅Where stories live. Discover now