အခန်း ၂၉။

5.2K 415 22
                                    

Unicode

" ဘယ်နှရက်နေ့တဲ့လဲ "

" ဆေးရုံကတစ်ပါတ်လောက်ကြိုတက်ရမှာ ခွဲစိတ်တာ ရှေ့လ ၁၅ရက်နေ့ "

ကြက်တောင်ပံတစ်ချောင်းကို လက်နှစ်ဖက်နဲ့ပယ်ပယ်နယ်နယ်စားရင်း ဖရဲသီးဖျော်ရည်ခွက်ကိုလည်းသောက်မပြတ်ဘဲ သူကလှမ်းပြောသည်။

နိမိတ်ခွိခနဲရယ်မိတော့ ဘာလဲဟူသောအမေးဖြင့် လှမ်းကြည့်လာ၏။

" ၁၅ရက်နေ့ သေချာလား "

" အင်း ဘာလို့လဲ "

" သြော် မောင်စဥ်းစားမိတာပါ မောင်တို့အတွက်၁၅ ရက်နေ့က ရက်ရာဇာများဖြစ်နေသလားလို့ "

တကယ်တမ်းစဥ်းစားကြည့်ရင် နိမိတ်နဲ့မင်းသားတို့အကျဥ်းရုံးလက်ထပ်ဖြစ်ခဲ့တဲ့နေ့ကလည်း ၁၅ရက်နေ့ဆိုသလို မာနတွေကြောင့်တစ်ယောက်သိက္ခာတစ်ယောက်ဆွဲချဖို့ ​လုံးပမ်းရတဲ့ညတွေဟာလည်း ၁၅ရက်နေ့မဟုတ်ပါသလား။ တစ်နည်းပြောရရင် နိမိတ်အားကြိုးမာန်တက် ကြိုးစားခဲ့ရတဲ့ရလဒ်တွေဟာ ၁၅ရက်နေ့မွေးမှာပါပေါ့လေ။

" ခွေးကောင် မင်းဦးဏှောက်ပျက်နေတာလား "

တဟားဟားအော်ရယ်မိတော့ ကိုက်လက်စကြက်ရိုးတွေနဲ့လှမ်းပစ်သည်။ အဖြူရောင်ရှပ်ဖားဖားတစ်ထည်ကလွဲ အတွင်းခံတောင်မဝတ်ထားတာမို့ ဖွေးစွတ်နေတဲ့ပေါင်ရင်းတွေနဲ့ လှစ်ခနဲပေါ်လာတတ်တဲ့အတွင်းသားတွေကိုလည်း မြင်နေ၏။

" မင်းနှုတ်ခမ်းမွှေးရိတ်ပစ်လိုက် "

" မောင်ဒီညနေပဲရိတ်လိုက်ပါ့မယ် "

" အခင်းတွေ​ပါတစ်ခါတည်းလျှော် "

" ဖိုးကံကိုလျှော်ခိုင်းလိုက်မယ် "

" နိမိတ် "

" ဟား! ရေချိုးတာနဲ့တစ်ခါတည်းလျှော်လိုက်မယ်ကွာ "

အရမ်းကိုအဘွားကြီးဆန်လာသောယောက်ျားက တစ်မျိုးတစ်ဖုံတော့ချစ်ဖို့ကောင်းနေဆဲဖြစ်သည်။ နိမိတ်ထိုလူ့ပါးထဲသို့ နစ်ဝင်သွား​အောင်နှာခေါင်းချွန်ချွန်ကိုနှစ်လိုက်မိ၏။

မဟာမြတ်သူဘာလုပ်ချင်လဲဆိုတာသိတဲ့သူ့အဖို့ လက်ပိုက်ကြည့်နေရုံကလွဲရင် ဝင်မစွက်ဖက်ချင်။

The Crown ✅Where stories live. Discover now