အခန်း ၃။

7.3K 516 18
                                    

Unicode

ကုတင်ပေါ်ကနေကုန်းရုန်းထပြီးတာနဲ့ ဘေးတွင်ရင်ဘတ်ပေါ်လက်တင်လို့ ပက်လက်ကြီးအိပ်ပျော်နေတဲ့ နိမိတ်ကိုသူစောင်းကြည့်လိုက်သည်။

ညနေထဲကအိပ်ပျော်သွားကြပြီး ညသန်းခေါင်လောက်ကြီးနိုးလာသည်မို့ တစ်ကိုယ်လုံးနုံးနေပြီးတော့ ခါးကတဆစ်ဆစ်ပင်ကိုက်ခဲကာနာနေ၏။

ထို့နောက်တော့ အိပ်ရာဘေးစားပွဲပေါ်ကတဘတ်ပိုင်းကိုဆွဲယူပြီး ခါးတွင်ပတ်ကာ အိပ်ရာပေါ်ကဆင်းလိုက်သည်။

အဝတ်လဲခန်းထဲအရံသင့်ရှိနေသည့် တီရှပ်ပွတစ်ထည်နှင့် အသားရောင် pant ကိုကောက်စွပ်ပြီးတာနဲ့ သူအိပ်ခန်းကထွက်လာလိုက်တော့သည်။ ညသန်းခေါင်ကြီးမှန်းသိသော်ငြား သူဂရုမစိုက်။ သူ့အနေနှင့်မည်သူ့ကိုမှလည်းဂရုစိုက်စရာမလိုပါချေ။

အခန်းတံခါးပိတ်သံထွက်လာတာနဲ့ ပိတ်ကျနေတဲ့မျက်ဝန်းတွေက ဆတ်ခနဲဖွင့်လာပြီးလျှင် နိမိတ်က မျက်နှာကျက်ကိုမျက်နှာသေနှင့်စိုက်ကြည့်နေလိုက်သည်။ ထို့နောက်တော့တစ်ဖက်ကိုစောင်းလှည့်လို့ ပြန်အိပ်လေ၏။

သူ့အနေနှင့် မြတ်သူကိုတားချင်စိတ်လည်းရှိမနေပါ။ ထိုသို့သော ခေါင်းကျောမာသည့်ယောက်ျားသည် သူဖြစ်ချင်တာကိုသာ ရှေ့တန်းတင်သည်မဟုတ်လား။

ညဥ့်နက်ပိုင်းတွင် မြို့တော်၏ကားလမ်းမပေါ်၌ rolls royce ကားလေးသည် ငြိမ့်ညောင်းစွာပြေးမောင်းနေသည်။ ကားတွေရှင်းလို့ လူပင်သိပ်မရှိတော့တဲ့လမ်းတွေက အနည်းငယ်တော့ခြောက်ခြားဖွယ်ရာ။

မဟာမြတ်သူက condo ကိုပြန်ရောက်တာနှင့် တံခါးကို lock ချလိုက်ပြီး ဆိုဖာပေါ်မှာပစ်ထိုင်လိုက်လျှင် ​အောင့်တက်လာတဲ့​ဒဏ်ကြောင့် အနည်းငယ်ပင်ဖင်ကြွမိတဲ့အထိ။

" shit!! "

စံအိမ်မှာကျန်ခဲ့တဲ့ကောင်ကိုကျိန်ဆဲရင်းကနေ သက်ပြင်းမောတစ်ချက်ချလိုက်သည်။ ထို့နောက်တော့ ဆိုဖာကထကာ ရေချိုးခန်းထဲဝင်သွားပြီးနောက် အဝတ်တွေကိုချွတ်ချပြီး ရေပန်းအောက်သို့တိုးဝင်လိုက်လေသည်။

နိမိတ်သန့်ရှင်းရေးလုပ်ပေးထားတာကိုသိသော်ငြား စိတ်မသန့်သူမို့ ရေတစ်ထပ်ပြန်ချိုးရခြင်းဖြစ်သည်။ နောက်ပြီးတော့ ယောင်ယမ်းနေမယ့်အတွင်းနေရာတွေကိုလည်း ဆေးထည့်ရချေဦးမည်။

The Crown ✅Where stories live. Discover now