အခန်း ၂၈။ ⚠

7.1K 436 55
                                    

Unicode

သည်းထန်စွာနမ်းရှိုက်ကျပြီးနောက် စံအိမ်ကြီး၏အိပ်ခန်းကုတင်ပေါ်တွင် နိမိတ်သူ့ကိုပွေ့ချီတင်ထားပေးသည်။ ခြေထောက်မှာစွပ်ထားသည့်ဖိနပ်နှင့် ခြေအိတ်တို့ကို ဂရုတစိုက်ချွတ်ပေးပြီးတာနဲ့ မျက်ရည်စီးကြောင်းနှစ်ဖက်နှင့်ပေပွနေသောလူအနားသို့ တိုးကပ်သွားရသည်။

" သက်သောင့်သက်သာရှိရဲ့လား "

သူမေးတော့ မဟာမြတ်သူကသူ့လက်နှစ်ဖက်ကိုဆန့်ဆန့်တန်းကာ အနားငုံ့ကျလာတဲ့ နိမိတ်လည်တိုင်မှာတွယ်လိုက်သည်။ ပြီးတော့ဘေးကိုအတင်းဆွဲချ၏။

" ဖြေးဖြေးလေ ဗိုက်ကိုထိသွားမယ် "

" ဟမ့်! ထိထိ မင်းကလေးတွေ ငါတကယ်စိတ်မရှည်တော့ဘူး "

" သူကအရမ်းဆိုးလို့လား ဟုတ်သလား၊ ပြစမ်းပါဦးမောင့်ကို "

ဆွယ်တာကိုဆွဲလှန်လိုက်တော့ ဆူမို့ကာလုံးဝန်းနေသည့် ဗိုက်ပူလေးကိုမြင်ရသည်။ တဖြေးဖြေးဖောင်းကြွလာခဲ့တာကြောင့် အသားတွင် အကြောပြတ်ရာတွေပင်ထင်နေကာ ချက်ပေါက်လေးကပင်အပြင်ကိုဆူထွက်နေ၏။

" ပြွတ်! "

သူကထိုဗိုက်လေးကိုငုံ့နမ်းတော့ မြတ်သူကသူ့ဗိုက်နားကလူကို ကျေနပ်စွာပင်ကြည့်မိသည်။ ဒီကောင်ကအဲ့လောက်ထိမြတ်နိုးတတ်တာ။

" ဘာလေးတဲ့လဲ "

" ငါမသိဘူး! "

" မစစ်ထားဘူးလား "

" အင်း ငါမသိချင်ဘူး မွေးခါနီးမှပဲ ဘာလေးလဲစိတ်လှုပ်ရှားချင်တာ "

" ဟုတ်ပါပြီတဲ့ဗျာ "

" ဘယ်ရောက်ခဲ့တာလဲ၊ ဒီလေးလလုံးမင်းဘယ်ရောက်နေခဲ့တာလဲ "

နိမိတ်သူ့ကိုပြုံးပြီးတော့သာကြည့်သည်။ ဒီလူသူ့ကိုစိတ်ပူနေတယ်ဟူသောအသိက အသည်းထဲမှာတအုံ့နွေးနွေး။

မျက်ဝန်းချင်းမဆုံ ဆုံအောင်လိုက်ကြည့်တဲ့လူကြောင့် သူဖွဖွလေးရယ်ချလိုက်ရင်းဖြေ၏။

" မောင် ပြဿနာလေးတွေရှိနေလို့ ဖြေရှင်းနေရတာ "

အမေးတွေနဲ့သူ့မျက်နှာလေးက မပြောချင်မှန်းရိပ်မိကာမှိုင်ကျသွားခဲ့သည်။ နိမိတ်ကသူ့ကိုခပ်ဖွဖွလေးဖက်ပစ်လိုက်ပြီးမှ နားထင်နားကဆံစတွေကို တိုးလို့ရှိုက်နမ်းသည်။

The Crown ✅Where stories live. Discover now