အခန်း ၂၃။

4.4K 396 12
                                    

(Unicode)

ပိုင်ဆိုင်မှုစာရွက်စာတန်းတွေအား ကိုင်မြောက်ကာကြည့်ရင်းဖြင့် မဟာမြတ်သူကကျေနပ်ခြင်းကြီးစွာပင် ခပ်ပါးပါးလေးပြုံးနေသည်။ ဒီနေရာမြေကွက်ကိုအလိုအပ်ကြီးလိုအပ်သည်မဟုတ်သော်လည်း ပိုင်နိုင်စွာလဲလှယ်နိုင်ခြင်းက သူ့အတွက်သက်ရောက်မှုရှိသည်မဟုတ်လား။

အပြုံးပါးပါးတင်ထားသည့်မျက်နှာသည် လိုချင်တာရသွားတယ်ဟုသက်သေခံတာကြောင့် နိမိတ်ကျေနပ်သည်။ ပို၍ခြေငြိမ်သွားကြတဲ့ဒီလတွေအတွင်းမှာ ဘာအစအနကိုမှဖမ်းမမိခဲ့ရအောင်ဖြစ်သော်လည်း လွန်ခဲ့သောရက်ကဓာတ်ပုံကတော့ ကောက်ရိုးမီးလို တဖွဲဖွဲလေးလောင်မြောက်ရင်း အနံ့ခံလာနေပြီဖြစ်သည်။

" ပွဲကနီးလာပြီဆိုပြီးတော့လည်းဖိအားမ​ပေးနဲ့ဦး၊ မဟုတ်ရင် မောင်ခင်ဗျားကိုအခွင့်အရေးမပေးဘဲ ချုပ်ထားပစ်မှာ "

ထိုသို့ခြိမ်းခြောက်မှုကိုပြုနေသော်လည်း အရင်ကလောက်မတုန်လှုပ်တော့။ အခြေအနေကိုနားလည်သဘောပေါက်နေပြီမှာကြာပြီမို့လို့ မည်သို့သောခြိမ်းခြောက်စကားကမှလည်း သူ့နားသို့ဝင်မည်မဟုတ်ပါချေ။

" မောင်တို့နှစ်ယောက်ရဲ့သဘောတူညီချက်က လူသိရှင်ကြားမဟုတ်ဘူးဆိုပေမဲ့လည်း တည်မြဲနေတုန်းပဲ အကျိုးဆက်ကိုလက်ခံနိုင်ဖို့ပြင်ထား "

ဟာသပဲ။ နိုင်ငံ့အရေးကြီးတဲ့အရာတစ်ခုကို fashion show ပွဲတစ်ခုနှင့်ဆုံးဖြတ်တော့မည်တဲ့။ နှစ်ကိုယ်ကြားတိုက်ပွဲကချစ်ခြင်းတို့ယိုဖိတ်သည့်တိုင် အန္တရာယ်လည်းများလာသည်။ သိပ်သည်းတဲ့ဖိအားတွေကိုဖန်တီးမိမည်ဆိုသော်လည်း တစ်ဖက်ကလူကိုတွေးမိတဲ့အခါ ခက်ခဲအောင်မလုပ်ရဲတော့။ သည်လူ့ကိုသက်သောင့်သက်သာလေးပေးနိုင်ချင်မိသည်။

သို့သော်လည်း ဒီရာထူးကိုတော့ ထိုယောက်ျားပခုံးပေါ် အပြည့်အဝတင်လွှဲခွင့်ပေးမည်မဟုတ်ပါ။ တစ်ဦးတစ်ယောက်၍ဖက်စပ်မှုများကြောင့် ဒီရာထူးသည် သူနှင့်လည်းတစ်မျိုးတစ်ဖုံသက်ဆိုင်လာစေရမည်။

အရေးကြီးမြေကွက်စာချုပ်အကြောင်းဆွေးနွေးကြသည့်အခန်းလေးသည် နွေးထွေးပြူငှာစွာ အချစ်လှောင်အိမ်လေးအဖြစ်ကူးပြောင်းလာသည်။

The Crown ✅Where stories live. Discover now