အခန်း ၁၄။

4.9K 430 50
                                    

Unicode

" မင်းဘာလို့ငါ့ကိုရှောင်နေတာလဲ "

" ဒီလိုမေးရလောက်​အောင် ခင်ဗျားကျုပ်ကိုအသိအမှတ်ပြုပေးဖူးလို့လား "

မျက်နှာချင်းဆိုဖာတွင် တစ်ယောက်တစ်ဖက်ဆီထိုင်နေခဲ့ကြပြီး မဟာမြတ်သူက တီရှပ်လက်ရှည်အဖြူဖားဖားကြီးနှင့် အတွင်းခံတစ်ထည်တည်းဖြစ်သည်။ နိမိတ်ကိုယ်တွင်တော့အပေါ်ပိုင်းဗလာဖြင့် အားကစားဘောင်းဘီရှည်ကိုဝတ်ထား၏။

" မင်းငါ့ကိုရှောင်နေတာက​တော့ အဟုတ်ပေါ့လေ "

" မရှောင်လို့လည်းခင်ဗျားနဲ့ကျုပ်ဖြစ်ခဲ့ပြီပဲ ဘာလို့တရေးတယူလုပ်နေပြန်တာလဲ "

" ခွေးလိုကောင် "

" ကျစ်! ခေါ်ချင်သလိုသာခေါ် "

နိမိတ်စိတ်မရှည်တော့။ သူ့ကို စကားနဲ့ပြောမနိုင်တော့ ဆဲသည်။ လူကိုပေစောင်းစောင်းကြည့်သည်။

လက်ပိုက်ခြေချိတ်လျက်သားနဲ့ သူ့ပုံစံကစောစောစီးစီး သူလိုယောက်ျားတစ်ယောက်ကို ဘယ်အထိရောက်အောင်ဆွဲ​ခေါ်နေလဲ ဒါကိုကောသတိထားမိသေးရဲ့လား။ ပေါင်းရင်းနားကအစ်နေတဲ့အသားဝင်းဝင်းက အတော်ကိုကလူကမြှူပြုလို့။

အကြည့်ကိုလွှဲပြီးမတ်တပ်ထရပ်တော့ ဘေးနားကpillow အသေးစားနဲ့ကောက်ပေါက်ပြန်၏။ နိမိတ်ဂရုမစိုက်ဘဲလှည့်ထွက်တော့ နောက်တစ်လုံးနဲ့ထပ်ပေါက်သည်။ အတော်ကိုရန်ထောင်နေတာ ဒီလူ သူလုပ်ရင်တစ်ချက်တောင်မရှိ။

" မင်းလိုကောင်နဲ့ငါ့ကိုပေးစားလို့ သည်းခံနေတာကွ မအေဘေးရဲ့ စောက်ချိုးမပြေလာမလုပ်နဲ့ ခွေးလိုကောင်!! ငါနဲ့မင်းက လျစ်လျူရှူချင်တိုင်းရှူရတဲ့အခြေအနေလားကွ ဟမ် "

နိမိတ်ကဂရုမစိုက်။ လက်ခလည်ထောင်ပြပြီးထွက်လာတော့ နောက်ကနေလိုက်လာပြန်သည်။ အခန်းထဲထိလိုက်လာပြီးမှ နိမိတ်လက်မောင်းရင်းကြီးကနေဆွဲကာ သူ့ဘက်ကိုမျက်နှာချင်းဆိုင်စေ၏။ ဒီလူအတော်ကိုရောင့်တက်နေပြီဖြစ်၏။

လက်ကောက်ဝတ်ကဖမ်းဆွဲ ခါးကနေဖြေးဖြေးသက်သာကိုင်၍ ကုတင်ပေါ်လှဲချတော့ မျက်လုံးမျက်စံပြူးပြာ၍ လူကိုအလန့်တကြားမော့ကြည့်လာကာ သူ့အန္တရာယ်သူသိသွားပုံရတယ်။ သနားကမားနဲ့ စောစောကလို ရန်ထောင်နေပုံရုပ်မျိုးနဲ့လားလားမှမတူပါ။

The Crown ✅Where stories live. Discover now