အခန်း ၁၅။ (ပထမပိုင်း)

4.4K 410 36
                                    

Unicode

" အား! "

ပျော့ဖတ်စွာ လန်ကွာသွားသောလက်သည်းခွံသည် ကြမ်းပြင်ပေါ်တွင် သွေးများရဲ၍ ရှိနေသည်။

အသံတွေအက်ကွဲလို့ တစ်ကိုယ်လုံးတုန်ယင်နေသောလူက မျက်နှာတစ်ခုလုံးဖူးယောင်ကာ လူရုပ်ပင်မပေါက်တော့။

ကျိုးကြေထားသောခြေချောင်းများက ရုပ်ပျက်ဆင်းပျက်ဖြစ်နေကာ သွေးအလိမ်းလိမ်းနှင့်ပေပွနေပြန်သည်။

" တော် တော်..ပါ..တော့ "

အသက်အားပြင်းပြစွာရှူပြီးမှ တစ်လုံးချင်းပြောလာသောစကားများက ဂရုဏာသက်ဖွယ်ရာ။ လက်ပြင်ကျော၊ ခါးပြင်နှင့် ပေါင်ရင်းနားရှိသော လေးထောင့်ပုံသွေးကွက်များသည်လည်း မြင်ဖွယ်ရာပင်မရှိ။ ထိုလေးထောင့်ဆန်ဆန်သွေးကွက်များမှာ အသားလွှာခြစ်နှင့် ခြစ်ချခံထားရသည့် အရေပြားကွက်တွေဖြစ်သည်မို့ အလွန်ကိုပျက်စီးယိုယွင်းနေချေပြီဖြစ်သည်။

" ကိစ္စတုံးလိုက်ပါတော့ကွာ အတော်ရွံစရာကောင်းနေပြီဟ "

" ဆရာက ပညာပြခိုင်းလိုက်လို့ပါ "

" နေစောင်းနေပြီကွ "

" အေးပါ အခုပဲလက်စသတ်လိုက်မယ် "

ထို့နောက်တော့ လက်ခေါက်တင်ထားသည့်လူက ခါးကြားကပစ္စတိုကိုထုတ်ကာ silencer တပ်၍ နှဖူးအတည့်သို့ ဖောက်ခနဲနေအောင် ကျဥ်သွင်းလိုက်လေတော့သည်။

ထိုမျှဒုက္ခခံလိုက်ရရင်တော်ရောပေါ့။ ဒီလူ့တစ်ကိုယ်လုံး​ ခေါင်းအစခြေအဆုံး ရစရာပင်မရှိခဲ့ဘူးမို့လားလေ။

//

အအေးဒဏ်ကြောင့် တဆစ်ဆစ်အုံကိုက်နေသောလက်ပြင်ကြောဒဏ်အား ဂရုမပြုနိုင်ဘဲ ဆေးရုံကုတင်ထက်တွင်လှဲလျောင်းနေသည့် မဟာမြတ်သူ၏လက်ဖဝါးကို သူကျစ်ကျစ်ပါအောင်ဆုပ်ထွေးထားမိသည်။

တဖွဖွနမ်းရှိုက်ရင်း နှဖူးပြင်မှဆံနွယ်တွေကိုလည်းသပ်သင်ပေးကာ သူ့ကိုယ်လုံးပေါ်တွင်လည်း ပတ်တီးစီးရာကြီးနှင့် လက်ရှည်တစ်ထည်သာခြုံထားလေသည်။

နစ်မွန်းနေသောမျက်ဝန်းများက နီရဲလျက်သား။ ကိုယ်ဝန်ကြောင့် စိတ်အထိမခံဖြစ်ကာ အလန့်လွန်သွားသည်မို့ သတိမေ့သွားတာဖြစ်၏ တွေးမိလိုက်တိုင်း လက်သီးကိုတင်းတင်းဆုပ်၍ အံကိုကြိတ်မိသည်အထိ။

The Crown ✅Where stories live. Discover now