အခန်း ၂၁။

4.7K 392 15
                                    

Unicode

" ကျုပ်ကို စကားမပြောဘူးလား "

တီရှပ်အဖြူဖားဖားကြီးဝတ်၍ ဆိုဖာပေါ်တွင် မျက်နှာလွှဲကာထိုင်နေသူက နိမိတ်စကားကိုမကြားချင်ယောင်ဆောင်သည်။

ညက ကိစ္စကိုမကျေနပ်ဘူးဆိုရအောင်လည်း ကိုယ်ကောသူကောသဘောတူလို့ဖြစ်ခဲ့ကြတဲ့အပြင် သူလည်းစိတ်ပါတယ်မဟုတ်လား။ အခုမှကိုယ့်တစ်ယောက်တည်းအပြစ် ဖြစ်ရတာတော့ မဟုတ်သေးဘူးလေ။

" ဘောင်းဘီဝတ်ဦး "

" မင်းငါ့ကိုကလေးလိုလာမဆက်ဆံနဲ့! "

နိမိတ်က ချည်သားဘောင်းဘီပွကြီးကို မျှော့ကြိုးက ကိုင်ကာ ဖြန့်ချထားတာဖြစ်သည်။ ဘောင်းဘီတစ်ထည်မပါဘဲ ဆိုဖာပေါ်တင်ပလ္လင်ခွေ၍ရှိနေသူက နိမိတ်ဘက်ကိုတစ်ချက်မျှလှည့်မလာ။ pillow အသေးစားကိုပိုက်ပြီးသာငြိမ်နေတာဖြစ်သည်။

"  မောင်မှားပါတယ်ကွာ ဘောင်းဘီလေးဝတ်ပါဦး ဆရာဝန်လာတော့မယ် "

ဒီနောက်ပိုင်းမှာ သူကိုယ်တိုင်ပင်မသိလိုက်ခင် ပိုဆိုးသည်။ ပိုပြီးစိတ်ဆိုးစိတ်ကောက်လွယ်လာသည်။ နိမိတ်အပေါ်ကို​ပြောင်းလဲတယ်မဟုတ်သော်ငြား အရောတဝင်တော့ရှိလှသည်။ နိမိတ်ကိုကောသူချစ်နေမလား။ ခက်တာက မဟာမြတ်သူက သူ့ကိုယ်သူပင်ချစ်မိမှန်းသိမယ့် လူစားမျိုးမဟုတ်။ အတော်ကိုကိုင်တွယ်ရန်ခက်ခဲသည့်လူပင်ဖြစ်၏။

နိမိတ်က သူ့အနားသို့တိုးသွားရင်း ခြေချင်းဝတ်ကကိုင်ကာချည်ဘောင်းဘီပွအား တစ်ဖက်ချင်းလျှိုပေးလျှင် မဟာမြတ်သူကသူ့အားခပ်တင်းတင်းပင်ကြည့်လာသည်။ တည်တင်းနေသောမျက်နှာထားက စိတ်အခြေအနေမကောင်းဘူးဆိုတာကိုပြနေသည်မို့ နိမိတ်ဘာမှမပြောရဲ။ အခုချိန်ထထိုးရင်တောင်သူခံရဦးမည်။

" ငါမင်းနဲ့မနေဘူး "

" မောင်နဲ့မနေတော့ ဘယ်သွားနေမလို့လဲ "

" စံအိမ်နန်းကိုပြန်မယ် "

" မပြန်ရပါဘူး အဲ့သည့်ကစည်းကမ်းတွေ ခင်ဗျားမနေနိုင်ဘူးမောင်သိတယ်၊ "

" သည်မှာသာဆက်နေရင် ကလေးက မမွေးခင်အကောင်တောင်မြင်ရပါ့မလား မသေချာဘူး "

The Crown ✅Where stories live. Discover now