Ch 1

1.5K 80 0
                                    

Unicode

ခုနှစ် ၃၀၅၀ ကျော် လူသားတို့ရဲ့ အတ္တလောဘတွေ အတောမသတ်နိုင်မှုတွေ ၊ ဒေါသတွေကြောင့် ကမ္ဘာစစ်တွေ ခဏခဏ ဖြစ်ဖြစ်လေ့ရှိတယ်။ အကျိုးရလဒ်အနေနဲ့ကတော့ အဏုမြူဗုံးတွေ ဖောဖောသီသီသုံးလာကြပြီး လေဆာစွမ်းအင်သုံးလက်နက်တွေပါ ပါဝင်လာကြတာမို့ လူသားတွေပါမက ကမ္ဘာမြေကြီးသည်လည်း အထိနာလျက်ရှိသည်။ နေရာအနှံ့ လွင်တီးခေါင်တွေ၊ ချိုင့်ဝှမ်းတွေ ၊ သဲကန္တာရတွေ ဖြစ်လာပြီး သောက်ရေသုံးရေ ရှားပါးလာကာ အပင်များလည်းမရှိတော့ချေ။ လူသားများနေထိုင်၍ မရတော့လောက်အောင်ပင် ပျက်စီးယိုယွင်းလျက်ရှိပြီး အဆိပ်ငွေ့များလည်း ပျံ့လွင့်လျက်ရှိသည်။ အင်အားကြီးနိုင်ငံအချို့က သူတို့ပြည်သူများကို အင်္ဂါဂြိုလ်သို့ ရွေ့ပြောင်းပေးကာ ပြုပြင်နေထိုင်နိုင်သော်လည်း ကျန်ရှိသောနိုင်ငံများမှာ စစ်ပြီးဒုက္ခဒဏ်ကို အလူးအလဲခံနေရသည်။

ထိုအချိန် မြန်မာနိုင်ငံ တစ်နေရာတွင် လေဟာနယ်အက်ကွဲကြောင်းတစ်ခုသည် ၁၂နာရီ​​ ကြာအောင် ပေါ်ပေါက်လာပြီး မြင်သောသူများက အထဲသို့ဝင်သွားမိကြသည်။ အထဲရောက်သွားသောသူများမြင်မိကြသည်မှာ အပြင်ဘက် ကမ္ဘာကြီးနှင့်မတူ စိမ်းလန်းစိုပြည်နေသော သစ်တောဒေသနှင့် သောက်သုံးရေများ လူသူနေထိုင်နိုင်သော အခြေအနေနှင့်ပြည့်စုံလျက်ရှိသည်။ ဝင်မိပြီး ပြန်မထွက်နိုင်ကြသော လူများသည် အစောပိုင်းတွင် အသီးအနှံများစား၍ ဖြစ်သလိုအိပ်ကာ နေထိုင်ကြသော်လည်း ရက်ကြာလာသောအခါ အိမ်ဆောက်ရန်အကြံဖြင့် သစ်ပင်များကို လှဲကြတော့သည်။ ထိုလူများမသိကြသည်မှာ ထိုသစ်တောသည် ဖျက်ဆီးရေးနတ်ဘုရား(Leo)ကို ဖမ်းဆီးထားသော သစ်တောဝင်္ကပါ တစ်ခုဖြစ်ကြောင်းကိုပင်။

သစ်တော၏တစ်ဝက်လောက်နီးနီး ခုတ်လှဲခံလိုက်ရသောအခါ မြေပြင်မှ တုန်ခါလာပြီး အက်ကွဲကြောင်းများပေါ်လာကာ အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာသည်။ ထို အခိုးအငွေ့များသည် နတ်ဆိုးနတ်ဘုရားတစ်ပါးအဖြစ်သို့ စုစည်းရုပ်လုံးပေါ်လာသောအခါ ဤ သစ်တော ဒေသအတွင်းသို့ ဝင်ရောက်လာသောလူများကို လိုက်လံသတ်ဖြတ်တော့သည်။ ထိုကန့်သတ်နယ်မြေသစ်တောအတွင်းတွင် စူးစူးဝါးဝါးအော်ဟစ်သံများညံလျက် သွေးချောင်းစီးသွားလေသည်။ ထိုအချိန်တွင် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ယောက်သည် ဂူတစ်ခုအတွင်းတွင် နတ်ဘုရား မမြင်အောင် ပုန်းခိုလျက်ရှိလေသည်။ ထို နတ်ဆိုး သည် သွေးဆာလျက်ရှိသော တိရစ္ဆာန် တစ်ကောင်သဖွယ် အပြင်ဘက်လောကသို့ထွက်ပြီး လူသတ်ရန် တာစူနေလေသည်။

Training with system to be a god Where stories live. Discover now