Ch 32 ( arc 3- 13)

211 36 4
                                    

Unicode

            Ardam သည် မဟာသစ်ပင်ကြီးပေါ်က တခြားဂြိုလ်မှလာသော သစ်ပင်လူသားဆိုသူကို အပြည့်အဝ ယုံကြည်လိုက်တော့သည်။ သူသည် ခေါင်းဆောင်တစ်ယောက်ဟူသော ဂုဏ်နှင့်အညီ နောက်ဆုံးသောzombieနဲ့ လူသားကြားတိုက်ပွဲကြီးကို တိုက်ခိုက်ရန် အသေအချာပြင်ဆင်နေတော့သည်။ မြို့တော် H အလယ်နေရာကနေ ခပ်လှမ်းလှမ်း သက်တောင့်သက်သာနေနိုင်သော နေရာကို သွားပြီး လူတိုင်းကို စုကာ အမိန့်များပေးနေတော့သည်။

          '' ကဲ ငါတို့ နောက်ဆုံး တိုက်ပွဲကြီးကို တိုက်ဖို့အတွက်ပြင်ဆင်ကြရတော့မယ်။ ငါတို့လူသားတွေရဲ့ခေါင်းဆောင်ကြီး ပြောတာတွေကို ကြားပြီးပြီလို့ထင်ပါတယ်။ ဒီတော့ ဒီသစ်ပင်တွေ စိုက်ဖို့ရာအတွက်ပြင်ဆင်ကြရမယ်။ ပထမဆုံး မီးစွမ်းအင်ပိုင်ရှင်တွေ၊ အပူစွမ်းအင်နဲ့ ဆိုင်ရာအစွမ်းပိုင်တဲ့သူတွေက ပင်လယ်ကမ်းစပ်နေရာတွေကိုသွားရမယ်။ ပြီးရင် ပင်လယ်ရေကို အငွေ့ပျံအောင် တတ်နိုင်သလောက်အမြန်လုပ်ကြမယ်။ လေစွမ်းအင်ပိုင်ရှင်တွေက အငွေ့ပျံလာတဲ့ ရေငွေ့တွေကို မိုးပေါ်ကို အမြန်တင် ရေစွမ်းအင်ပိုင်ရှင်တွေက ရေငွေ့တွေ စုပြီး မိုးတိမ်တွေဖြစ်အောင်လုပ်ကြပါ။ ပြီးမှ လေစွမ်းအင်ပိုင်ရှင်တွေက နောက်တစ်ကြိမ် အစွမ်းနဲ့ ကန္တာရနဲ့ အဲ့အနီးအနားဒေသတွေကို ပို့ဆောင်ပေးလိုက်ပါ။ ရေစွမ်းအင်ပိုင်ရှင်တွေက မိုးတိမ်တွေကို မိုးရွာအောင်လုပ်ပေးလိုက်ကြပါ။ ''

         ''  မိုးသည်းသည်းမည်းမည်းရွာပြီးရင် ကန္တာရမြေတွေကို မြေစေးတွေ၊ မြေကြီးတွေအဖြစ်ပြောင်းရတာလွယ်သွားပြီမို့ မြေစွမ်းအင်ပိုင်ရှင်တွေက ကန္တာရမြေတွေကို အပင်စိုက်လို့ရတဲ့ မြေအဖြစ်ပြောင်းလဲရမယ်။ ​အဲ့ဒါတွေအကုန်ပြီးသွားရင် ဒီ crystal seeds တွေကို ငါကိုယ်တိုင်လာပြီး စိုက်မယ်။ ''

           '' ကျန်တဲ့လူတွေက လေစွမ်းအင်၊ ရေစွမ်းအင်၊ မြေစွမ်းအင်ပိုင်ရှင်တွေကို ကာကွယ်ပေးရမယ်။ သူတို့က ကန္တာရနားသွားရမှာမို့ အန္တရာယ်နဲ့အနီးဆုံးလူတွေဖြစ်လို့ဘဲ။  ကဲ အားလုံးဘဲ ငါတို့ရဲ့ နောက်ဆုံးတိုက်ပွဲကြီးအတွက် ကြိုးစားပြင်ဆင်လိုက်ကြစို့။ '' Ardam ဟာ လူသားစစ်တပ်ရဲ့ခေါင်းဆောင်ဖြစ်တာနဲ့အညီ လူတွေကို အမိန့်ပေးနိုင်စွမ်းနဲ့ ကျိုးကြောင်းဆက်စပ်စဥ်းစားပြီး ကိစ္စတွေကို စီမံနိုင်စွမ်းကတော့ ပြိုင်ဘက်မရှိပေ။

Training with system to be a god Where stories live. Discover now