Ch 9 ( arc 2-1)

368 60 0
                                    

Unicode

        သတိုးခေါင်းမှ နာကျင်မှုနှင့်အတူ မျက်လုံးကိုဖွင့်လိုက်ရာ မြင်လိုက်ရသည်က အဖြူရောင်မျက်နှာကျက်။ ဆေးရနံ့များပါရနေသည်ဖြစ်ရာ ဆေးရုံသို့ရောက်နေကြောင်းသိလိုက်သည်။ ခေါင်းမှနာကျင်နေဆဲဖြစ်သဖြင့် လက်ဖြင့်စမ်းလိုက်ရာပတ်တီးစည်းထားကြောင်းသိလိုက်ရသည်။

       ' system ရေ ကမ္ဘာကူးပြောင်းတာ ခေါင်းနာနေတာကို သိရဲ့နဲ့။ ခေါင်းရိုက်ခံထားရတဲ့ အချိန်ကို ပို့ပေးရသလားဟ'

    ( sorry host ရေ ဒီအချိန်က host အတွက်အချိန်ကောင်းမလို့ပါ။ ဒါမှ mission ထမ်းဆောင်ရလွယ်မှာမို့ပါ)

     '' သား ဝူယီ သားသက်သာလား။ ခေါင်းကနာနေသေးလားဟင်။ ''  သတိုးသူ့လက်ကို ကိုင်ကာစိုးရိမ်တကြီးအမူအရာဖြင့် ပြောနေသော အန်တီကြီးကို ကြည့်ရင်း သူဝင်ထားသောကိုယ်၏ အမေဟု ခန့်မှန်းလိုက်သည်။

     " ဟုတ်ကဲ့ အမေ ။ ကျွန်တော်သက်သာပါတယ်။''

    '' ဟင် သားက သားက အန်တီ့ကို အမေလို့ခေါ်လိုက်တယ်။ ဝမ်းသာလိုက်တာ သားရယ်။'' သတိုးလဲ ခေါင်းနပန်းကြီးသွားပြိီး ဘာလုပ်ရမှန်းမသိဘဲ ကြောင်ကြည့်နေမိသည်။ စိတ်ထဲမှနေ၍
     ' system ရေ မထူးဘူး နာချင်လဲနာပစေတော့။ အမြန်ပို့တော့ ဇာတ်ကြောင်းကို ကြာရင်အလိမ်ပေါ်တော့မယ်။ '

      ကုတင်ဘေးမှ အဒေါ်ကြီးသည် ဝူယီမိမိ​ကိုကြောင်ကြည့်နေသည်ကို ကြည့်နေရင်း ရုတ်တရက်မူးလဲသွားပြန်သော ဝူယီကို ထိန်းကာ ဆရာဝန်များကို အမြန်ပြေးခေါ်ရသည်။

    သတိုးဇာတ်ကြောင်းကိုဖတ်ကြည့်ရာ သူဝင်နေသောကိုယ်နာမည်သည် ကျန်းဝူယီဖြစ်ပြီး ဆိုးသွမ်းနေသော လူငယ်တစ်ယောက်ဖြစ်သည်။ သူသည် သူတို့ကျောင်းမှ လူဆိုးအဖွဲ့ခေါင်းဆောင်ဖြစ်သည်။ ဝူယီက ချန်ယုံရုံဟုခေါ်သော ဇာတ်လိုက်မကိုကြိုက်နေခြင်းဖြစ်သည်။ အ​ခြားမိန်းကလေးမှန်သမျှကို အတည်မတွဲခဲ့သော ဝူယီသည် ဇာတ်လိုက်မတို့ world logic ကြီးအတိုင်း ဆက်မချစ်ဘဲနဲ့လဲမနေနိုင်၊ ထိလဲမထိရက်သဖြင့် ကြည့်နေရုံဘဲတတ်နိုင်ကာ အလှလေးပိုးမွေးထားသလို ထား၏။ သူ့အနောက်သုံးနှစ်သုံးမိုး လိုက်ပြီးမှ တက္ကသိုလ်တက်သောအချိန်မှသာ ဇာတ်လိုက်မ ချန်ယုံရုံက သူ့အချစ်ကို လက်ခံခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ် ဒုတိယနှစ်ရောက်သောအခါ ဇာတ်လမ်းတို့၏ သဘာဝအတိုင်း ဇာတ်လိုက်မက ကျောင်းပြောင်းလာသော ဇာတ်လိုက် ရန်ရှောင်ဝမ်ကို ကြိုက်တော့သည်။ ရှောင်ဝမ်ကို သဘောကျသော်လည်း သာမန်အလှလောက်သာရှိသော ဇာတ်လိုက်မကို ဇာတ်လိုက်ကတော်ရုံသဘောမကျ။ ထို့ကြောင့် ယုံရုံက တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို ရှောင်ဝမ်လဲသတိထားမိအောင်၊ ဝူယီနဲ့လဲ ပြတ်အောင် ရှောင်ဝမ်ရှေ့တွင် ဝူယီကိုမခံချင်အောင်ပြောပြီး ဝူယီက မိမိကို အနိုင်ကျင့်သလိုလုပ် ဝူယီကချိန်းခြောက်၍ မိမိက ဝူယီနဲ့တွဲနေရကြောင်း ရှောင်ဝမ်ကို တစ်ဖက်လှည့်နဲ့ လိမ်ပြော။

Training with system to be a god Donde viven las historias. Descúbrelo ahora