Ch 5 (arc 1-3)

366 57 0
                                    

 Unicode

     အာလန်ရွာသည် နက်ဝင်သည် ဒေါ်မြရဲ့ ရွာစောင့်နတ်မေးမယ် ဆိုတဲ့ ပွဲကြောင့် တစ်လှုပ်လှုပ်တရွရွ ဖြစ်လာပြီး ရွာလယ်မဏ္ဍာပ်ထိုးထားရာနေရာဆီ ရောက်လာကြသည်။ ဒေါ်မြသည်လည်း ပြင်ဆင်စရာရှိတာများ ပြင်ဆင်ပြီး အချိန်ကောင်းကိုစောင့်နေလေသည်။ မနက် ၉ နာရီ အချိန်ရောက်သောအခါ ဒေါ်မြက နတ်ပင့်ချိန်ရောက်ပြီ ဆိုပြီး နတ်ပင့်လေတော့သည်။

    ' အို........  ရွာစောင့်နတ်အရှင် ကျွန်တော်မျိုးမ ဒေါ်မြကို ချီးမြှောက်တော်မူပါ၊ ခန္ဓာကို အငှားသုံးခွင့်ပြုပါတယ်။ ဒီရွာက ပြဿနာတွေကို ဖြေရှင်းရာမှာ အကူအညီယူဖို့ ကျွန်တော်မျိုးမကို ပူးကပ်တော်မူပါ ပူဇော်ထားတာတွေကိုလဲ သုံးဆောင်တော်မူပါ ရွာစောင့်နတ်အရှင်။'

    ဒေါ်မြ သည် ထိုစကားများရွတ်အပြီး ထိုင်နေရာမှ တစ်ကိုယ်လုံးတုန်ယင်လာပြီး ယောကျ်ားသံသြသြကြီးဖြင့်

     ' မင်းတို့ ပြဿနာကို ငါ့ကို ရှင်းပြစရာမလိုတော့ဘူး။ ငါသိပြီးသား ဒါက ရိုးရိုးပြဿနာမဟုတ်ဘူး။ ငါလဲရွာကိုစောင့်ရှောက်ပါတယ်။ ဒါပေမဲ့ သီးနှံတွေစိုက်လို့မရအောင် တစ်စုံတစ်ယောက်က တမင်တကာ လုပ်ထားတာမျိုးမဟုတ်ဘူး။ ငါတို့ထက်အစွမ်းမြင့်တဲ့ နတ်ဆိုးတစ်ပါးရောက်လာမှုကြောင့်လို့ထင်တယ်။ သူ့ရဲ့ဖြစ်တည်မှုက ကို အဖျက်တွေ ပျက်စီးခြင်းတွေ ပါနေတယ်။ ငါတို့လဲသူ့ကို မနိုင်ဘူး။ နတ်တွေအားလုံးစုပြီးလည်း ဖမ်းဆီးပိုင်ခွင့်မရှိဘူး။'

     'ဒါဆို ဘယ်လိုလုပ်ကြမလဲ ရွာစောင့်အရှင်။ ကျနော်တို့က ငတ်ပြတ်သေကြရမှာလား အရှင်။ ရွာကိုစွန့်ပြီး တခြားဒေသကို ထွက်သွားရတော့မှာလားအရှင်။'

   ' အဲ့လိုတော့ မထွက်သွားကြပါနဲ့၊ ကောင်းကင်က အစည်းအဝေးအရဆိုရင် တမန်တော်တစ်ပါးလွတ်ထားတယ်ပြောတယ်။ မိုးမရွာတာကလဲ မိုးနတ်သားလေးက မိုးရွာအောင်လုပ်လိုက်တိုင်း အဖျက်ပေါ်လာတယ်ပြောတယ်။ မစိုးရိမ်ပါနဲ့ သိပ်မကြာခင် တမန်တော် ပေါ်လာပြီး မင်းတို့ကို ကယ်တင်ပါလိမ့်မယ်။'

   ' တမန်တော်က ဘယ်လိုပုံစံရှိလဲ အရှင်။ ကျနော်တို့က ဘယ်လိုလုပ်ပြီး တမန်တော်မှန်းသိကြမှာလဲ။'

Training with system to be a god Where stories live. Discover now