Ch 12 ( arc 2-4)

333 67 0
                                    

Unicode

        ' system ဘယ်လိုလဲ၊ mission တစ်ခုပြီးသွားပြီမလား။ လူကောင်းလေးလုပ်ပြီး စာမေးပွဲကို ထူးထူးချွန်ချွန်အောင်ဖို့ဘဲ ကျန်တော့တယ်မလား။ '

       ( ဟုတ်ပါတယ် host ၊ Leoရဲ့ ဝိဉာဥ်ကိုတော့ဖမ်းဖို့ကျန်သေးတယ်နော်။ အဲ့ဒါမေ့လို့မရဘူး အဲ့တာမပါရင်  God Krisက   ကမ္ဘာကူးခွင့်ပေးမှာမဟုတ်ဘူး။)

      ' အေးပါကွ ၊ အခုတော့ရှာမတွေ့သေးဘူး။ နတ်ဘုရားသစ်ပင်ကလည်းအချက်မပြသေးဘူး။ ရေမိစ္ဆာဆိုတာရှိသေးတယ်မလား။ ငါကတော့သူ့ဆီမှာလို့ဘဲ ထင်တယ်။ အခုတော့ စာမရသေးလို့ စာလုပ်ရအောင် စာကြည့်တိုက်ကိုသွားလိုက်တော့မယ်။ '

       ရန်ရှောင်ဝမ်သည် ဟိုနေ့ကတွေ့လိုက်သော မျက်ဝန်းစိမ်းနှင့်ကောင်လေးကိုတွေ့လိုက်သလို စိတ်ထဲင်နေတာကြောင့် ထိုကောင်လေးနောက်လိုက်သွားမိသည်။ နေကာမျက်မှန် တပ်ထားသောကောင်လေးပုံစံက ထိုနေ့က မျက်ဝန်းစိမ်းလေးနှင့်တထေရာတည်း မျက်မှန်ဘာလို့တပ်ထားတာလဲ မေးချင်ပေမယ့် ကိုယ်နဲ့လည်းတစ်ခါလေးတွေ့ဖူးရုံတင်မို့။ သူ့မျက်ဝန်းလေးတွေကို အခြားသူတွေ မမြင်ရတာတောင် အရူးအမူးကြိုက်နေကြသူတွေကိုမြင်ရတာကြောင့် ဂုဏ်လည်းဆာမိသလို ထိုကောင်လေးကိုလည်း တစ်စထက်တစ်စ အာရုံစိုက်လာမိသည်။
ကောင်လေးသွားတဲ့ canteen နောက်လိုက်မိတော့ ကောင်လေးက ရည်းစားနဲ့တဲ့လား။ သူ့ကောင်မလေးက မိမိကိုကြိုက်​နေကြောင်းပြောတော့ မျက်ခုံးတစ်ဖက်ပင့်မိလိုက်ပြီး သူ(ဝူယီ)က လမ်းခွဲပေးလိုက်တော့ မှိုရသွားသလို သူ့(ရှောင်ဝမ်) မျက်နှာက ဖုံးမနိုင်ဖိမရ။ သူ့နာမည်ကို သိလိုက်ရတာက ဝူယီတဲ့။ မိဘနောက်ခံအင်အားနဲ့ သူ့အကြောင်းကိုစုံစမ်းလို့ရပေမဲ့ ကိုယ်ကိုယ်တိုင် စုံစမ်းချင်တာမို့ ဘယ်သူ့မှ မခိုင်းထားမိ။ မင့်အကြောင်းတွေ ကိုယ်ပိုသိလာမှာပါ ဝူယီလေးရေ။ ခုတော့ မင်းလေးနောက်အပြေးလိုက်လိုက်ဦးမယ်။ စာသင်ခန်းထဲဝင်သွားပြီး စာအုပ်တွေကိုင်လို့ ထွက်လာခဲ့တဲ့ ဝူယီကြောင့် စာသင်ခန်းဘယ်မှာဆိုတာသိသွားပြီး ဆက်ကြည့်နေရာ စာကြည့်တိုက်ထဲ ဝင်သွားသဖြင့် လိုက်ဝင်လိုက်သည်။ ဝူယီက ချောင်ကျကျလူရှင်းသောနေရာတွင် ထိုင်ကာစာကြည့်နေသဖြင့် သူနှင့်မလှမ်းမကမ်း သူ့ကိုကြည့်နိုင်သောနေရာတွင်ရွေး၍ ထိုင်နေလိုက်သည်။

Training with system to be a god Where stories live. Discover now