Ch 15( arc 2-7 )

300 55 0
                                    

Unicode

'' ရှောင်ဝမ် မင်းဘာလို့ငါ့ကိုကြိုက်တာလဲ ။ ''
ဝူယီက ငါးမျှားနေရင်းမှ လှမ်းမေးလိုက်ခြင်းဖြစ်သည်။

" အဲ့မေးခွန်းအတွက်ငါ့မှာအဖြေမရှိဘူး ဝူယီ။ မင်းကိုစမြင်တုန်းကတော့ ယောကျ်ားလေးတစ်ယောက်ကတောင် ငေးယူရလောက်တဲ့အထိ မင်းကလှလွန်းလို့။ မိန်းကလေးထက်တောင်မင်းကပိုလှလို့ ငါကစိတ်ဝင်စားခဲ့တယ်။ ဒါလောက်နဲ့ စိတ်ဝင်စားတာရယ်လို့မဟုတ်ဘူး။ မင်းက တစ်ခါတစ်လေကျပြန်ရင်လည်း ယောကျ်ားလေးတွေကကိုအားကျရလောက်အောင် ယောကျ်ားဆန်လွန်းပြီး ခန့်လွန်းတယ်။ မင့်လိုလူကို ငါကမကြိုက်ရင် ငါကမာန်တက်နေတဲ့ကောင်မဟုတ်ရင် မနာလိုတဲ့ကောင်ဘဲလေကွာ။ ''

'' ဪ အဲ့တာကြောင့်လား။ အဲ့တာကသာအကြောင်းအရင်းဆိုရင် မင်းကို ငါပြန်ကြိုက်မှာမဟုတ်ဘူးလို့ကြိုပြောပါရစေ။ ''

'' မစိုးရိမ်ပါနဲ့ ငါ့ကိုမင်းပြန်ကြိုက်စေရမယ်။ ငါက ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိတယ်။ '' ဝူယီကိုအချိုဆုံးအပြုံးလေးနဲ့ miniheart လေး ပြပေးလိုက်တယ်။

ဝူယီကလဲ အားကျမခံ ကြိုးစားကြည့်လေ ဆိုတဲ့မျက်နှာပေးနဲ့ မဲ့ပြုံးလေးပြန်ပြုံးပြတယ်။ မင်းပြုသမျှအရာရာဟာ ငါ့အတွက်တော့ ချိုချဥ်လေးစားရသလိုပါဘဲကွာ။ ( အဟိ စကားတွေတတ်နေတာ သာသာပါနော် ရှောင်ဝမ် ဟုတ်ဘူးရယ် 😆😆)

' system မင်းမှန်းကြည့် ရှောင်ဝမ် ရေကူးတတ်သလားလို့ '

( ကျနော်​တော့ မကူးတတ်ဘူးထင်တယ်။ နို့မို့ရင် ရေကန်ထဲသူတွန်းချမိတုန်းက သူဆင်းကယ်မှာဘဲလေ။ သူသာမကယ်ချင်ရင် နောင်တရစရာအကြောင်းမှမရှိတာ။ ရှောင်ဝမ်က ဝူယီ​သေ သွားလို့ ဇာတ်လိုက်မက နှစ်သိမ့် ခြိမ်းခြောက်ပြီး သူတို့ ညားသွားတာလေ။)

' ommမင်းပြောတာဖြစ်နိုင်တယ်။ ရှောင်ဝမ်ကို ရေကူးခိုင်းရမယ်။ '

" ရှောင်ဝမ် မင်းငါ့ကို အရမ်းချစ်တာဘဲလား။ '' ဝူယီက သူ့ကိုငေးကြည့်နေတဲ့ ဇာတ်လိုက်ကိုကြည့်ပြီးမေးလိုက်ပြန်တယ်။

'' ငါ... အင်းးးးး။ ငါမင်းကိုအရမ်းချစ်တယ်လို့ထင်တယ်။ အခွင့်အရေးရှိရင် မင်းကိုသက်သေပြမှာပါ''

Training with system to be a god Nơi câu chuyện tồn tại. Hãy khám phá bây giờ