Ch 11 ( arc 2-3)

334 63 0
                                    

   Unicode

     ' system ရေ မင်းဘယ်လိုထင်လဲ။ ငါမျက်ကပ်မှန်တပ်သင့်လား။ ငါ့မျက်လုံးအစိမ်းရောင်ကိုဖျောက်ထားရအောင်လေ။ '

        ( ကျနော်လဲ တပ်သင့်တယ်ထင်တယ် host ဘ အရင်ကျန်းဝူယီက မျက်ဆံအနက်ရောင်ဆိုတော့ ကျောင်းသားတွေက အထူးအဆန်းဖြစ်နေလိမ့်မယ် ထင်တယ်။)

        ' ဝူယီက လူဆိုးခေါင်းဆောင်ဆိုတော့ မျက်ကပ်မှန်တပ်ထားတယ်ဘဲ ထင်ကြမှာ ဘယ်သူမှလဲ မေးရဲမှာမဟုတ်လောက်ပါဘူး '

       ( ဒါပေမယ့် hostရယ်။ host မျက်လုံးက အစိမ်းရောင်ဘဲဆိုတော်သေးတယ်။ ခုဟာက မျက်လုံးက အရောင် သုံးရောင်တောင်လေ။ လိုအပ်လို့ သုံးမယ်လုပ်ရင် OOC ဖြစ်မှာစိုးရတယ်။ )

      ' ဟုတ်တယ်နော် ၊ ငါ့ system လေးတော်တယ်။ မျက်ကပ်မှန်ကို နောက်နေ့မှ ဝယ်လိုက်မယ်။ ဒီနေ့တော့ နေကာမျက်မှန်ဘဲ တပ်လိုက်မယ်။ '

      ဝူယီလဲ ရေမိုးချိုးပြီး ကျောင်းသွားရန်ပြင်ဆင်ကာ အောက်ထပ်သို့ ဆင်းလာလိုက်သည်။ ထမင်းစားခန်းထဲတွင် ထမင်းစားရန်စောင့်နေသော ဒယ်ဒီနဲ့ မာမီကို တွေ့လိုက်ရသည်။

       '' သား သားမာမီပြောတော့။ သားက အပင်စိုက်ရအောင် ခြံအကျယ်ကြီးလိုချင်တာဆို။ အဲ့အတွက် စာမေးပွဲမှာ အမှတ်ကောင်းအောင်ဖြေပြမယ်ဆို။ ''

      " ဟုတ်ကဲ့ ဒယ်ဒီ သားကြိုးစားမှာပါ။ ''

      '' အေးအေး သားလိမ္မာမယ်ဆို။ ဒယ်ဒီ လုပ်ပေးရမှာပေါ့''

      '' ဒယ်ဒီ ၊ မာမီ သားစားလို့ဝပြီ။ သားကျောင်းသွားတော့မယ်''

      '' ကားယူသွားမလား သား။ ''

     '' မယူသွားတော့ဘူး မာမီ။ ဦးလေးဝမ်ကိုဘဲ မောင်းပို့ခိုင်းလိုက်မယ် မာမီ ။ သွားပြီ မာမီ။ ''

     ကျန်းသခင်ကြီးနှင့် သခင်မကြီးလဲ ဝူယီထွက်သွားပြီးသည်နှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။

      '' ကဲ ကြည့် ကျွန်မမပြောဘူးလား။ သားလေး ခေါင်းရိုက်ခံရပြီးတော့ အချိုးတွေပြောင်းသွားပါတယ်ဆို။ ''

Training with system to be a god Where stories live. Discover now