Ch 31 ( arc 3-12)

181 39 7
                                    

Unicode

မြို့တော် H တစ်ခုလုံးကို အိပ်ငွေ့ချထားသော်လည်း ဇာတ်လိုက်မ Sofia သည် ကုသရေးအစွမ်းရှိသူပီပီ အိပ်ငွေ့ချထားခြင်းကို ပယ်ဖျက်လိုက်နိုင်သည်။ Kelvin အဆင့်တက်ပြီး ယာယီအဆင့်တိုးမြှင့်ခြင်းစွမ်းအင်ကို သုံးနေသောအချိန်တွင်မှသာ နိုးထလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် Kelvin တို့ပြောနေကြသော အကြောင်းများကို ကြားသိလိုက်ရပြီး အထိတ်တလန့်ဖြစ်သွားရသလို Kelvin ရဲ့အစွမ်းကို တစိုးတစ ကြားလိုက်ရသောကြောင့် Zetsu ကမ္ဘာသားများအတွက်လည်း အနည်းငယ်ဝမ်းသာသွားရသည်။ သို့သော် သူမသည် Kelvin နဲ့ William ပြောတာကိုသာ ကြားနိုင်သောကြောင့် သိပ်ပြီးတော့နားမလည်ချေ။

Sofia သည် အကွယ်တစ်နေရာမှနေ၍ အဖြစ်အပျက်များကို ဉာဏ်ရည်မီအောင် စဥ်းစားနေစဥ် သူ့ရှေ့တည့်တည့်တွင် Kelvin နဲ့ William က ပေါ်လာလေသည်။

" Kelvin ဒီ Sofia ကမဆိုးဘူးနော်။ Orchid အိပ်ငွေ့ချထားတာတောင် ပယ်ဖျက်နိုင်တယ်နော်။ ''

'' ဟုတ်တယ်။ ဒီလို လုပ်နိုင်တာက အစွမ်း ၂ မျိုးရှိတဲ့သူတွေဘဲ လုပ်နိုင်တာလေ။ သူ့ဆီမှာ ကုသရေးအစွမ်းအပြင် ဘာအစွမ်းတွေရှိသေးလဲမသိဘူး။ '' Kelvin က သွေးတိုးစမ်းသလိုပုံစံဖြင့် Sofia ကို သေချာကြည့်ပြီးပြောလိုက်သည်။

'' မဟုတ်ပါဘူး။ ငါ့မှာက အစွမ်းတစ်မျိုးဘဲ ရှိတာပါ။ ကုသရေးအစွမ်းတစ်မျိုးတည်းပါဘဲ။ '' Sofia က သူ့ရဲ့ တခြားအစွမ်းကို ဖော်ထုတ်ခံလိုက်ရရင် တခြားသူများဆီက အစွမ်းခိုးတဲ့ကိစ္စပေါ်လာမှာစိုးရိမ်နေပါတယ်။ ဒါကြောင့် အကြောက်အကန်ကို ငြးဆန်နေပါတယ်။

'' William ငါတော့ ငါ့အစွမ်းကို ငါယုံကြည်တယ်။ ငါ့ရဲ့ အိပ်မွေ့ချထားတဲ့ အစွမ်းကို ခံနိုင်တာဆိုလို့ အစွမ်း ၂ မျိုးရှိမှဘဲရမယ်။ မှန်မှန်ပြော Sofia နင့်တခြားအစွမ်းကဘာလဲ။ နင်မပြောရင် ခေါင်းဆောင်ရောက်လာရင် တပ်ရင်းပြန်လို့ အစွမ်းစမ်းသပ်တဲ့ဆရာကြီးဆီမှာ အတင်းအကြပ် စမ်းသပ်ခံမလား။ နင်ရွေး ''

''Kelvin, William နင်တို့လဲ ငါတို့အကုန်လုံးကို အိပ်မွေ့ချထားတာ မကောင်းတဲ့ အကြံရှိလီု့မလား။ နင်တို့ကိုလဲ ငါ ခေါင်းဆောင်ကို ပြန်တိုင်မယ်။ မတိုင်စေချင်ဘူးဆိုရင် နင်တို့လဲ ငါ့ရဲ့အစွမ်းကိစ္စကိုမေ့လိုက်တော့ အစွမ်း ၂ မျိုးဘဲရှိရှိ။ ဘာအစွမ်းဘဲဖြစ်ဖြစ်ပေါ့။ '' Sofia က လုံးဝကို အညံမခံဘဲ ပြန်ခံပြောနေတော့တယ်။

Training with system to be a god Where stories live. Discover now