Ch 10 (arc 2-2)

349 57 2
                                    

Unicode

     ဝူယီသည် ဆေးရုံမှဆင်းသောအခါ ကျန်းစံအိမ်သို့ပြန်သွားပြီး သူ၏ အိပ်ခန်းထဲတွင်အနားယူနေသည်။

     ' system ရေ ငါ့မျက်နှာလေးက ဘယ်လိုနေလဲ၊ wp ထဲကလို စံအိမ်တစ်ခုရဲ့ သခင်လေးဖြစ်ပြီဆို ရုပ်ချောချောလေးပေးထားတယ်မလား '

     (  hostရဲ့ ရုပ်ရည်ကို host ဘာသာ မှန်ထဲမှာကြည့်ကြည့်ပါလား။ ကျနော်ပြောနိုင်တာကတော့ စွရမ်းမိုက်တယ်။ အဟိ 😍)

     ဝူယီလဲ ဆေးရုံမှ ဆင်းကာစဖြစ်သောကြောင့်နံစော်နေသော ကိုယ်ကို သန့်ရှင်းရန် ရေချိုးခန်းထဲဝင်လိုက်သည်။ မျက်နှာအရင်သစ်ပြီး သောအခါ မိမိရုပ်ကိုကြည့်လိုက်သည်။ အစိမ်းရောင်တောက်တောက်မျက်ဝန်းသည် အရည်လဲ့နေသကဲ့သို့ တစ်ဖက်သားကို ဆွဲဆောင်နိုင်မှုအားပြင်းလွန်းသည်။ ဖြောင့်စင်းပြီးရှည်သောနှာတံ ၊ V ပုံစံမေးရိုးနှင့် ခေါင်းမလျှော်ရသေးတာတောင် နူးညံ့သော ဆံသားမှာ ခဲရောင်ဆိုးထားသည်ဟုပင်မထင်ရဘဲ မွေးရာပါဆံပင်အရောင်ဟု မှတ်ယူရလောက်အောင် ပျော့ပျောင်းလွန်းနေသည်။ အသားအရေက ဖြူဖွေးမနေဘဲ ရွှေဝါရောင်အနည်းငယ်သန်းနေကာ ချောမွတ်နေသည်။ နားရွက်မှာလဲ EXO အဖွဲ့ထဲမှ Chanyeol လိုနားရွက်လှလှလေးရှိပြီး နားကပ်ပန်ထားသည်က ဆွဲဆောင်မှုပိုရှိနေသလိုပင်။ အနှစ်ချုပ်လိုက်ပါက Uke type ရော seme type ပါ ရှိနေသောရုပ်ထွက်ဖြစ်သည်။ မိန်းကလေးများပါမက ယောကျ်ားလေးများပါ စိတ်ဝင်စားနိုင်လောက်အောင် ရုပ်ထွက်က လန်ထွက်ပျံတက်နေပေသည်။

     ' oh my god ဒါက ကျန်းဝူယီရဲ့ မျက်နှာလား။ ဘုရားရေ ဇာတ်လိုက်မက သူလိုလူကို ပြန်မ​ကြိုက်တာ အံ့သြဘ ကမ္ဘောဇဘဲဟေ့ 😑😑 '

     ( host ကလည်း ဒါက ဇာတ်လမ်းလေ world logic အရ ဇာတ်လိုက်မက ဇာတ်လိုက်ကိုဘဲ ကြိုက်မှာပေါ့။)

     ' ommm ထားပါ ၊ ငါတော့ ကွကိုယ်​​ကြည့်ရင်း ချစ်သွားပြီ  ဟီ ဟိ 🙂🙂'

     ဝူယီလဲ မှန်ကြည့်တာကိုအပြီးသတ်ကာရေမိုးချိုးပြီး အောက်ထပ်ဆင်းလာခဲ့သည်။ နေ့လည်လောက်သာရှိသေးသဖြင့် ကျန်းသခင်ကြီးမှာ ကုမ္ပဏီသို့သွားရသဖြင့် အိမ်တွင်မရှိ။ မိထွေးဖြစ်သော ကျန်းသခင်မကြီးသာရှိသည်။

Training with system to be a god Όπου ζουν οι ιστορίες. Ανακάλυψε τώρα