Ch 2 (In space)

596 70 2
                                    

  Unicode

       "အား လားလား ခေါင်းမူးလိုက်တာ နတ်ဘုရား Kris ကလည်း လုပ်ရက်လိုက်တာ ကောင်းကောင်းမွန်မွန် ပို့ပေးလိုက်လည်း ခက်တာမှတ်လို့ 😒😒"

          (Hello ... host, ကျနော်က host ရဲ့ system လို့ပြောလို့ရပါတယ် အရှင် Kris ဖန်တီးထားတဲ့ နတ်သူငယ် တစ်ပါးပါ။)

           " ဟမ်.... system လို့ပြောလိုက်တာလား ငါက နတ်ဆိုး Leo ရဲ့ ဝိညာဥ်တွေ လိုက်စုရမှာဆို"

            (ဟုတ်တော့ ဟုတ်ပါတယ် ဒါပေမဲ့ သူ့ဝိညာဥ်က ပုံရိပ်ယောင်ကမ္ဘာတွေထဲကို ပျံ့သွားတာပါ။ ပြောချင်တာက အရှင် Kris ဖန်တီးထားတဲ့ ဝတ္ထုထဲရောက်သွားတာပါ  Leo ကိုယ်တိုင်တောင်မသိဘူးထင်ပါတယ်။)

            "ဆိုလိုချင်တာက ငါက အရှင် Kris ရဲ့ ဝတ္ထုထဲမှာဘဲ စွမ်းအားတွေကျင့်ပြီး အဲ့ Leo ကို ပြန်ဖမ်းရမယ်ပေါ့။ ပြီးတော့ မင်းက ဒီဝတ္ထု ကမ္ဘာကို စောင့်ရှောက်ရတဲ့ နတ်သူငယ်လို့ပြောချင်တာလား"

            (ဟုတ်ပါတယ် host ။ ဒါနဲ့ ကျနော် ချောတယ်လို့ပြောပေးပါ host 😅 ပြောပေးရင် အရှင်မသိအောင် နောက်ကမ္ဘာမှပေးရမယ် စွမ်းအင်တွေ ထဲက ရွေးချယ်ခွင့်ပေးပါ့မယ် ။)

            သတိုးသီဟ သူ့ရှေ့က နတ်သူငယ်ကိုကြည့်လိုက်တယ်။ ခေါင်းက လုံးလုံး ၊ ထိပ်ကပြောင်သေး၊ ဗိုက်ကလေးက စူလို့ မချောတာမှ လုံးဝမချောတာ။ ဒါမဲ့ မချောဘူးပြောရင် အခွင့်အရေးက လက်လွတ်မှာစိုးလို့ စိတ်ထဲနဲ့ တခြားစီ အပြင်မှာမြှောက်ပင့်ပြောလိုက်တယ်။

             " ငါတို့ system လေးက မျက်လုံးလေးက puppy eyes လေးတွေနဲ့ ၊ ကိုယ်လေးကလည်းသေးသေးလေး ၊ အတောင်ပံလေးနဲ့ cupid ( မြှားနတ်မောင်)အတိုင်းဘဲ ☺ ချစ်စရာလေး "

            (😒😒 host ချောလားမေးတာ ချစ်စရာလေးလို့ပြောခိုင်းတာမှုတ်ဘူး🤧။ တော်ပြီ တော်ပြီ ဘယ်တတ်နိုင်မလဲ ရွေး နှစ်ခုထဲက တစ်ခု။)
   
အတတ်ပညာ: နေရာရွေ့ပြောင်းစွမ်းအင်၊ စိတ်ညို့ပညာ
            "ommmm စိတ်ညို့ကြည့်ချင်လို့ အဲ့တာထည့်ပေး"

             (ငါ့ကိုချစ်စရာလေးလို့ပြောမှတော့ ပေးဘူး အဲ့တာ ယူ နေရာရွေ့ပြောင်းစွမ်းအင် 😏)

Training with system to be a god Where stories live. Discover now