Ch 28 ( arc 3-9)

218 47 5
                                    

Unicode

          '' Kelvin မင်းအဆင့် ၄ ဂြိုလ်သားကို မျိုထားတာအန္တရာယ်ရှိတာ မင်းမသိဘူးလား။ ''

           '' Omm ငါသိတယ်။ ဒါပေမယ့် ငါက အမြုတေကို တိုက်ရိုက်မြိုချလိုက်တာမဟုတ်ဘူးလေ။ Zane ကို မြိုခိုင်းလိုက်တာ ''

          '' Zane ကလည်း မင့်လက်ကနေပေါ်လာတဲ့ မင့်ရဲ့ခန္တာကိုယ်အစိတ်အပိုင်းဘဲလေ။ မင့်ကို ​ဂြိုလ်သားအဆိပ်တေ ပျံ့လို့ zombie ဖြစ်သွားမှာတော့ ငါလက်မခံနိုင်ဘူး။ ''

          '' မင်းလည်း ဒီကမ္ဘာကမဟုတ်ပါဘဲနဲ့။ ငါ့ကိုအရမ်းတွေစိတ်ပူမနေပါနဲ့။ ငါ့မှာ ဖြေရှင်းနည်းမရှိဘူးလို့များ မင်းထင်နေလား။ ''

          '' မင်းမသိဘူးနော်။ အရင်တုန်းက နတ်ဘုရားတပည့်ဘယ်လောက်များများ ဒီကမ္ဘာမှာ zombie ဖြစ်လို့ mission fail သွားရသလဲဆိုတာ။ ''

           '' ငါလဲသေချာတော့ မပြောနိုင်ပေမယ့် ငါ့ရဲ့လက်ရှိအစွမ်းနဲ့ဆို သူ့အဆိပ်တေကို မပျံ့အောင်တားထားနိုင်တာတော့ သေချာတယ်။ လာပါ အဲ့တာတေ တွေးမနေပါနဲ့ ခေါင်းဆောင်တို့ကို သွားကူညီရအောင်။  ''

              William က ခေါင်းပြန်ညိတ်ပြလိုက်ပြီး ၂ ယောက်လုံး အဆင့် B တပ်ဖွဲ့ကို အမြန်ပြန်ခိုင်းကာ မြို့လယ်ထဲကို အကူအညီပေးရန် သွားကြပြန်ပါတယ်။ ခေါင်းဆောင်တို့အနားရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက အားရစရာမရှိဖြစ်နေတယ်။ ခေါင်းဆောင်က သူ့ကိုယ်သူကာကွယ်ပြီး တခြားသူတေကိုလဲ ကာကွယ်ပေးနေရတော့ မိုးကြိုးအစွမ်းကိုက အလွယ်တကူသုံးလို့မရဘူးဖြစ်နေတယ်။ ဒိုင်းအစွမ်းနဲ့ ကာထားသော်လည်း ​ဂြိုလ်သား ၂ ​ကောင်က Ardam ရဲ့ အကာအကွယ်ကိုဘဲ ဦးတည်ကာ ချနေတာမို့ အစွမ်းချင်းက မတူဘူးဖြစ်နေတယ်။ သူတစ်ယောက်တည်းဆို ဒိုင်းအစွမ်းနဲ့ ကာပြီး မိုးကြိုးအစွမ်းနဲ့ ပြန်ချလို့ရနိုင်ပေမယ့် လူအများကိုပါ ကာကွယ်ပေးနေရတာမို့ မိုးကြိုးအစွမ်းကို သုံးဖို့ရာ စွမ်းအားမလောက်တော့တာပါ။

          Kelvinတို့ရောက်သွားတော့ သူတို့လဲ လတ်တလော ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။ Zombie တစ်ကောင်ဆို သူတို့ ပြန်ချနိုင်မယ် ထင်ပေမယ့် လက်ရှိအချိန်မှာ ခေါင်းဆောင်ကလဲ စွမ်းအားက ဆက်တိုက်ကုန်နေတယ်။ Kelvin နဲ့ Willaim ကလဲ တိုက်ပွဲတစ်ပွဲကို အဆင့်ကျော်ပြီး တိုက်ထားရတာ ကြောင့်မို့ အားအင်က ခုထက်ထိပြန်မပြည့်သေးပါဘူး။           

Training with system to be a god Where stories live. Discover now